၄၇၂။ "ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၆"

537 46 0
                                    

၄၇၂။ ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၆

ခက်ထန်တင်းမာသော ကောက်ရိတ်သမားလေးယောက်နှင့် နှိုင်းယှဉ်လိုက်လျှင် ဖန်ဂျင်က ထည့်သွင်းပြောဖို့ပင် မထိုက်တန်ချေ။

ခေါင်းဆောင်လုပ်သူက သူ့အပေါင်းအဖော်များ အစုလိုက် သတ်ဖြတ်ခံနေရတာကို မျက်လုံးပြူး၍ ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သူတို့၏ သွေးများက သူ့အပေါ်သို့ လွင့်စင်ပေကျံကုန်၏။ အစောပိုင်း ရုပ်ဖျက်စဉ် သွေးများဖြင့် သူတို့ကိုယ်ကို သုတ်လိမ်းခဲ့ကြသည်။ သို့သော် ဒီတစ်ကြိမ် သူတို့ကိုယ်ပိုင် ‌နွေးနေဆဲ ဖြစ်သော သွေးများ, လတ်ဆတ်ဆဲဖြစ်သော သွေးများဖြင့် ပေကျံကုန်၏။

ကြောက်ရွံ့ထိတ်လန့်ခြင်းက သူ့နှလုံးသားထဲ ဖြည်းဖြည်းချင်း တွား၍ ဝင်လာသည်။ ထိုခဏမှာ သူတို့အားလုံးက ဒီအဖွဲ့ကို စကတည်းက အထင်သေးခဲ့မှန်း နားလည်သဘောပေါက်သွားသည်။

ဖန်ဂျင်တစ်ယောက်တည်းသာ ဒီအဖွဲ့၏ တိုက်ခိုက်ရေးအဖွဲ့ဝင် ဖြစ်ပြီး ဖန်ဂျင်ကို ထိန်းထားနိုင်လျှင် ကျန်အဖွဲ့သားများကို လွယ်လင့်တကူ သတ်ဖြတ်နိုင်မည်ဟု သူတို့ တွေးထင်ထားခဲ့ကြသည်။

သို့သော် အခုတော့, သတ်ဖြတ်ခံနေရသူများက သူတို့ကိုယ်တိုင်သာ ဖြစ်နေရလေပြီ။

နောက်ဆုံးတစ်ယောက် သွေးအိုင်ထဲ လဲကျသွားလျှင် ကြောက်ရွံ့ခြင်းက ခေါင်းဆောင်လုပ်သူ၏ နှလုံးသားကို ဖျစ်ညှစ်လိုက်သဖြင့် သူက လွှတ်ခနဲ အော်ငိုလုမတတ် ဖြစ်သွားသည်။

ရုတ်တရက် အရိပ်တစ်ခုက သူ့အပေါ် ကျရောက်လာသည်။ လူတစ်ယောက်က သူ့မြင်ကွင်းထဲ ပေါ်လာသည်။ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သူ ခေါင်းမော့ကြည့်လျှင် တည်ငြိမ်၍ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသော မျက်နှာကို တွေ့မြင်လေ၏။

အသုံးမကျတဲ့ ကောင် ဂျန်ဝုရှီက မြေပြင်ပေါ်တွင် တွန့်ကြေနေသော လူငယ်ကို အေးစက်စက်ကြည့်သည်။

လူငယ်က သူ့ခေါင်းကို မနည်း မော့ကြည့်ရသည်။ ဂျန်ဝုရှီ၏ အေးစက်စက်မျက်လုံးများနှင့် သူ အကြည့် ဆုံသွားသည်။ ကြောက်ရွံ့ခြင်းက သူ့နှလုံးသားကို ဖျစ်ညှစ်ထားဆဲပင်။ သူ့တစ်ကိုယ်လုံးသို့ ကြောက်ရွံ့ခြင်းက ပျံ့နှံ့နေသည်။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt