၈၉၈။ လုပ်ကြံသတ်ဖြတ်ခြင်း(၄)

243 17 0
                                    

၈၉၈။ လုပ်ကြံသတ်ဖြတ်ခြင်း(၄)

ခေါင်းဆောင်၏ ဓားက ဂျန်ဝုရှီ၏ လည်မျိုသို့ ဦးတည်လာသည်။ ထိုးစိုက်ခါနီးအချိန်မှာပင် အစိမ်းရောင်ဝိညာဉ်စွမ်းအားက ကြောက်စရာကောင်းသော ခရမ်းရောင်ဝိညာဉ်စွမ်းအားဖြင့် ရုတ်တရက် အစားထိုးလဲလှယ်သွားလေ၏။

တစ်ခဏချင်းဖြင့်ပင် ခရမ်းရောင်ဝိညာဉ်စွမ်းအားက ဂျန်ဝုရှီ၏ ခန္ဓာကိုယ်မှာ ပတ်ခြုံသွားသည်။ သူမက ဘာမှမဟုတ်သည့်ဟန်ဖြင့် လက်တစ်ဖက်မြှောက်၍ သူမအား ထိုးစိုက်လာသော ဓားကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ လက်များကို ဝိညာဉ်စွမ်းအားဖြင့် လွှမ်းခြုံထားသဖြင့် ထက်မြိသော ဓားသွားကို သူမ မကြောက်လန့်ပေ။

ခရမ်းရောင်ဝိညာဉ်စွမ်းအား သူမခန္ဓာကိုယ်မှ တောက်ပ၍ ထွက်ပေါ်လာတာကို မြင်ရလျှင် ခေါင်းဆောင်၏ မျက်လုံးများက အံ့အားသင့်၍ မယုံကြည်နိုင်ခြင်းကြောင့် ပြူးကျယ်သွားကြသည်။

သူ တုန်လှုပ်ချောက်ချားခြင်းမှ သတိပြန်မကပ်မိခင်မှာပင် ဂျန်ဝုရှီက ဆုပ်ကိုင်ထားသော ဓားကို သူမထံသို့ ဆောင့်ဆွဲယူလိုက်ပြီး သူမအနားသို့ ရောက်ရှိလာသော ခေါင်းဆောင်၏ ရင်ဘတ်တည့်တည့်ကို လက်ဝါးဖြင့် တိကျသေသပ်စွာ ရိုက်ထည့်လိုက်သည်။

အား ခေါင်းဆောင်၏ ပါးစပ်မှ အော်မြည်သံ ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးက ရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီး အခန်းထဲရှိ ဗီရိုနှင့် ရိုက်ဆောင့်သွားသည်။ အဝတ်ထည့် ဗီရိုက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။ ထို့နောက် သူက ကြမ်းပြင်ပေါ်သို့ ပုံလျက်သား ကျသွားသည်။ နောက်ထပ် မတ်တပ် မရပ်နိုင်တော့ပေ။

သူ့ကိုယ်တွင်းရှိ အရိုးများ တစ်စစီ ကျိုးကြေသွားသလား သူ ခံစားလိုက်ရသည်။ သူက ကြမ်းပြင်ပေါ်တွင် ဝပ်တွား၍ ခေါင်းထောင်နိုင်ရန် ရုန်းကန်နေရသည်။ သူက သူ့ရှေ့ရှိ လူငယ်ခန္ဓာကိုယ်မှ တောက်ပလွန်းသော ခရမ်းရောင်ဝိညာဉ်စွမ်းအားကို လုံးလုံးလျားလျား တုန်လှုပ်လျက် ကြည့်နေမိသည်။

ခရမ်းရောင်ဝိညာဉ်စွမ်းအား..... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.... ကနေ့ည သူတို့၏ လုပ်ကြံသတ်ဖြတ်ရန် ပစ်မှတ်ဖြစ်သူက အဆိုးဆုံး အိပ်မက်ဆိုးနှင့် မတွေ့ကြုံရသည့်အပြင်, ဒဏ္ဍာရီလာ ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်ပင် ဖြစ်နေပြန်သေးသည်။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang