၉၁၆။ ရှုပ်ထွေးသော အကွက်ချကြံစည်မှု(၇)

187 17 0
                                    

၉၁၆။ ရှုပ်ထွေးသော အကွက်ချကြံစည်မှု(၇)

ချူလင်းယွဲ့က သူမကိုယ်ပိုင် ဝတ်စုံကို ဂျန်ရှီအား ပြောင်းလဲဝတ်ဆင်ရန် လဲပေးလိုက်သည်။ သူမလို ရုပ်ဖျက်ပြီး ရှုံးဘနှင့် အတူ အိမ်ရှေ့စံ၏ နန်းဆောင်မှ ထွက်ခွာခွင့်ပေးလိုက်သည်။

အပြင်ဘက်တွင် လျှို့ဝှက်စွာ စောင့်ကြပ်နေကြသော နန်းစောင့်တပ်သားများသည်ပင် မည်သည့် သံသယဖြစ်ဖွယ်ရာကိုမျှ မတွေ့မြင်ခဲ့ကြပေ။

လေ့ချန်က သူ့လက်ဖက်ရည်ခွက်ကို မ၍ ချူလင်းယွဲ့ကို မြှောက်ပြလိုက်သည်။

ဒီတစ်ကြိမ် လင်းယွဲ့ ကူညီပေးလို့ ကျေးဇူးတင်တယ်၊ မင်း လက်စားချေလိုတဲ့ စိတ်မျိုး မရှိတာ ငါ သိပါတယ်၊ မင်း ဒါကို ငါနဲ့ ညီငယ်လေး ဂျန်ကို ကူညီပေးချင်လို့ လုပ်ခဲ့တယ်ဆိုတာ နားလည်ပါတယ်။ လေ့ချန်က ထောင်ချီသားရဲ မြို့တော်၏ အကူအညီကို ရယူဖို့ ချူလင်းယွဲ့နှင့် နီးစပ်အောင် ကြိုးစားခဲ့သည်။ ထို့ကြောင့်ပင် သူက ချူလင်းယွဲ့၏ ပင်ကိုယ်ဗီဇကို ကောင်းကောင်းကြီး နားလည်ထားသည်။

ချူလင်းယွဲ့၏ နှလုံးသားက ရိုးသားဖြူစင်သည်။ သူမမှာ လက်စားချေလိုသော မည်သည့် အတွေးမျှ မရှိပေ။ အစောပိုင်းတုန်းက သူမ သနားစဖွယ် နာကျင်ဟန်ဆောင်ပြတာက အကြံအစည်ကို ရှုံးဘ သဘောတူလက်ခံလာအောင် လုပ်ပြခြင်း ဖြစ်သည်။

ဘာလို့ အကိုကြီးက ဒီလို ပြောရတာလဲ၊ ဒါကို ကျမ ကိုယ့်အတွက်ပဲ ကိုယ် လုပ်ခဲ့တာပါ ချူလင်းယွဲ့က လေ့ချန်အား အပြုံးချိုချိုဖြင့် ပြောသည်။

လေ့ချန် ခေါင်းငုံ့လိုက်သည်။ ဒါသည်ပင် ချူလင်းယွဲ့က အစစ်အမှန် သဘောကောင်းသူ ဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ သူက သူ့ဘာသာ လက်စားချေချင်လို့ သူမကို နောက်တစ်ဖန် အသုံးချမိသွားပြန်သည်။ ထိုအခိုက်မှာ လေ့ချန်က သူ့ရှေ့ရှိ မိန်းကလေးအပေါ် ရက်စက်မိလို့ သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာမိသည်။

သူမက တကယ် စိတ်ထားကောင်းမွန်သော မိန်းကလေးဖြစ်သည်မို့ သူမကို အစွန်းအထင်း ဖြစ်အောင် သူ နောက်နောင် မလုပ်လိုတော့ပေ။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang