၈၆၅။ သားရဲမြို့တော်မှ ဧည့်သည်များ (၄)
ရှုံးဘက နန်းတွင်းသမားတော်ကြီး လီကို ပြစ်တင်ကြိမ်းမောင်းရန် တကယ်ပင် စိတ်မပါချေ။ သူက ချက်ချင်းပင် ချူလင်းယွဲ့ဆီသို့ အပြေးအလွှား သွားလိုက်သည်။ ရင်းနှီးကျွမ်းဝင်သော မျက်နှာလေးက ဆိုးဆိုးရွားရွား ဖျော့တော့၍ အားနည်းချည့်နဲ့နေတာကို မြင်ရလျှင် သူ့နှလုံးသား နာကျင်သွားရသည်။
ခန်းမသခင်အားလုံးက ချူလင်းယွဲ့ ကြီးပြင်းလာတာကို ကြည့်ရှုခဲ့ကြရပြီး သူတို့ သိသမျှ နည်းလမ်း အကုန်ဖြင့် ချစ်ခင်ခဲ့ကြသည်။ မြို့တော်သခင်က မြို့တော်အရေးကိစ္စများဖြင့် အလုပ်ရှုပ်နေချိန်တိုင်းမှာ သူမကို ခန်းမသခင်များက မကြာခဏ ဂရုစိုက် စောင့်ရှောက်ပေးခဲ့ကြရသည်။
သူမက ခန်းမသခင်များနှင့် ကွဲပြားခြားနားသော မြို့တော်သခင်ပေါက်စလေး ဖြစ်သဖြင့် သူတို့ထက် ရာထူးပိုကြီးသည်။ သို့သော် ခန်းမသခင်အားလုံးက သူမကို မိသားစုလို ဆက်ဆံသဖြင့် အစကတည်းက သူတို့အားလုံးက တပေါင်းတစည်းတည်း ဖြစ်နေကြသည်။
ချူလင်းယွဲ့ကို လှုပ်ရှားခြင်းကင်းမဲ့လျက် အိပ်ရာပေါ်မှာ လဲနေရသည့် ဆုတ်ယုတ်ပျက်ပြားသော အနေအထားကို တွေ့မြင်ရလျှင် ရှုံးဘ၏ နှလုံးသားက နာကျင်ခံစားသွားရသည်။ ထို့ပြင် စစ်တံခွန်ကျောင်းတော်နှင့် ရန်တိုင်းပြည်အပေါ် သူ၏ မကျေနပ်ခြင်းကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ဂျန်းယင်းလောင်, ငါတို့ သခင်မလေးကို စစ်တံခွန်ကျောင်းတော်ကို လွှဲအပ်ခဲ့တယ်၊ မင်းတို့က ဒီလိုမျိုး သူမကို ဖြစ်စေရသလား၊ ငါတို့ သခင်မလေး ဒီလိုမျိုး ဒဏ်ရာပြင်းပြင်းထန်ထန် တစ်ခါမှ မရခဲ့ဖူးဘူး၊ သူမ ရက်ပေါင်းများစွာ သတိလစ်နေတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တံခွန်ကျောင်းတော်ကနေ သင့်တော်တဲ့ ဖြေရှင်းချက်ကို ငါ မျှော်လင့်တယ် ရှုံးဘက ဒေါသဖြင့် ပြောသည်။
ဂျန်းယင်းလောင်၏ မျက်နှာက ခါးသီးဟန် ဖြစ်သွားပြီး အဆောတလျင် ဖြေရှင်းပြသည် ခန်းမသခင် ရှုံး စိတ်ငြိမ်ငြိမ်ထားဖို့ ငါ ပြောပါရစေ၊ ဒါက တိုက်ဆိုင်မှု သက်သက်ပါ၊ ဒါက ငါတို့ တားဆီးနိုင်စွမ်း ရှိတဲ့ တစ်စုံတရာ မဟုတ်ခဲ့ပါဘူး၊ လိပ်ပြာတိုက်ပွဲရဲ့ စည်းမျဉ်းက ပြိုင်ဘက်ကို အနိုင်ယူရုံ သက်သက်ပါဘဲ၊ လေညင်းကျောင်းတော် တပည့်က ပြိုင်ပွဲမှာ ဒီလောက် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူ ထင်ပါ့မလဲ၊ သူမအခြေအနေကို မြင်နေရလို့ ငါတို့လည်း ခင်ဗျားလိုပဲ နာကျင်ခံစားရတာပါဘဲ။
