၅၄၁။ ချန်လင်းမြို့ - ၄

504 55 0
                                    

၅၄၁။ ချန်လင်းမြို့ - ၄

လေညင်းကျောင်းတော်ဝတ်စုံဝတ် လူငယ်များက ကြောက်လန့်တကြားဖြင့် ထွက်ပြေးကြသည်။ သူတို့အပြင် တည်းခိုဆောင်အတွင်းရှိ ဧည့်သည်များလည်း လန့်ဖျတ်၍ မျက်လုံးပြူးကုန်၏။ ဂျန်ဝုရှီလက်မှ ပျောက်ကွယ်သွားသော အဝါရောင်ဝိညာဉ်စွမ်းအားကို ကြည့်၍ မယုံကြည်နိုင် ဖြစ်နေကြသည်။

အသက်ဆယ့်လေးနှစ်နဲ့ အဝါရောင်ဝိညာဉ်စွမ်းရှင် ဖြစ်နေပြီလား....

သည်သတင်းသာ ပျံ့နှံ့သွားလျှင် လူတိုင်း တုန်လှုပ်ကုန်မှာ သေချာသည်။

သူတို့လည်း ကိုယ်တိုင် မတွေ့ရလျှင် လူများများ ဘယ်လောက်ပြောပြော သူတို့ ယုံကြည်ကြမည် မဟုတ်ပေ။

ဒုက္ခပေးသော ယင်ကောင်များကို ဖယ်ရှားပြီးနောက် ဂျန်ဝုရှီက ပိုင်ရှင်ဘက်သို့ လှည့်ကာ ငွေတုံးတစ်တုံးကို ပစ်ပေးလိုက်သည်။

ပျာယာခတ်နေသော ပိုင်ရှင်က အမြန် ရှေ့သို့ တက်ကာ ငွေတုံးကို လက်ခံယူလိုက်သည်။ သူ့နဖူးက ချွေးအလွှာများ ဖြစ်နေသည်။

အစားထိုးလျော်ကြေး ဂျန်ဝုရှီက တုံးတိတိ ပြောသည်။

ပိုင်ရှင်က အားတက်သရော ခေါင်းညိတ်ပြပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ပေ။

ကြီးကျယ်ခမ်းနားသော ပါရမီရှင် လူငယ်ကို ပိုင်ရှင်က သူနှင့် ဆန့်ကျင်ဘက် စကားတစ်ခွန်းမျှ ပြောဆိုရဲမည် မဟုတ်ပေ။ ထို့ပြင် လူငယ်က အရမ်း ရက်ရောသည်။ အစားထိုးလျော်ကြေးက စကျင်ကျောက်တိုင် တစ်ခုစာသာမက ငါးခုစာပင် လုံလောက်သည်။

ရှီလေး... မင်းနည်းလမ်းက အတော့်ကို ရက်စက်တာပဲ။ ကျောက်ချူက ကုပ်ချောင်းချောင်းဖြင့် ဂျန်ဝုရှီဘေးသို့ လာသည်။ လေညင်းကျောင်းတော်သားများနှင့် ရင်ဆိုင်ကြသော တခြားလူငယ်များလည်း ဝိုင်းရံလာကြသည်။ ဟွာယောင်းတို့ ဖြစ်သည်။

ငါ့ လေကို ဘာလို့ ဖြုန်းတီးပစ်ရမှာလဲ ဂျန်ဝုရှီက မျက်ခုံးတစ်ဖက်ပင့်၍ မေးသည်။

ကျောက်ချူက အရူးတစ်ယောက်လို ပြုံးဖြီးဖြီး လုပ်ပြသည်။

ရှီလေး... သူတို့က မင်းအပေါင်းအသင်းတွေလား ပိန်ပိန်ပါးပါး ပုံရိပ်က လူအုပ်ကြားမှ ရှေ့သို့ တက်လာသည်။ သူက ကြောင်နက်လေးနှင့် လော့မဲ့မဲ့ကို ပွေ့ချီထားသည်။ သူ့မျက်နှာက အပြုံးဖြင့် တောက်ပနေသည်။ သူ၏ နူးညံ့ သိမ်မွေ့ပြီး မိတ်ဆွေဆန်သော အကြည့်က ဂျန်ဝုရှီ ဘေးနားရှိ လူငယ်အုပ်စုကို သိမ်းကြုံး ရောက်ရှိသွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now