၉၃၁။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ဒုတိယပုံစံ(၁)
ဘုရင်ကြီးက ဒေါသတစီစီဖြင့် ပြန်ထွက်သွားသည်။ များများစားစား မပြောတော့ပေ။ သို့သော် လေ့ဖန်ကို သန့်ရှင်းရေး လုပ်ပေးရန် လူများအား အမိန့်ပေးလိုက်သည်။ စုံစမ်းစစ်ဆေးခြင်း စတင်ချိန်မှာ နန်းတော်၏ ညီလာခံခန်းမကြီးထဲ လာရောက်ရန် လေ့ချန်နှင့် လေ့ဖန်ကို ညွှန်ကြားထားခဲ့သည်။
လေ့ဖန်က သွေးများစွာ ဆုံးရှုံးခဲ့ရပြီး အလွန်အမင်း တုန်လှုပ်ချောက်ချားခြင်းကိုပါ ထည့်ပေါင်းလိုက်လျှင်, သူ့ခြေထောက်များက ပျော့ခွေနေလေပြီမို့ မိန်းမစိုးများက သူ့ကို ထနိုင်အောင် ကူညီပေးကြရသည်။
ယဲ့ရှက မိဖုရားကြီး၏ အိပ်ဆောင် တစ်နေရာမှ ပုန်းကွယ်လျက် အထဲမှ ဖြစ်သမျှကို စေ့ငုသေချာစွာ ကြည့်နေခဲ့သည်။ သူက လျင်မြန်စွာ ဂျန်ဝုရှီထံသို့ သွား၍ သူမအား သူ မြင်ခဲ့သမျှကို ပြောပြလိုက်သည်။
ဘုရင်ကြီးက မိဖုရားကြီးနဲ့ အမတ်ချုပ်ကြီးကိုသာ ဖမ်းချုပ်ခိုင်းလိုက်တယ်၊ လေ့ဖန်ကိုတော့ ဘာမှ မလုပ်ခဲ့ဘူး ယဲ့ရှက ဂျန်ဝုရှီရှေ့တွင် ဒူးထောက်လျက် ပြောလိုက်သည်။
ခန့်မှန်းထားသလိုပါဘဲ ဂျန်ဝုရှီက နည်းနည်းလေးပင် အံ့ဩရိပ် ပေါ်မလာပေ။ သို့သော် တည်တည်ငြိမ်ငြိမ်ပင် ထိုင်ခုံပေါ်မှာ ထိုင်နေလျက် ကြောက်နက်လေး၏ အမွှေးများကို ပွတ်သပ်ပေးနေသည်။
သခင်မလေးက ဒါကို မျှော်လင့်ထားပြီးသားလား ယဲ့ရှက အံ့အားတသင့်ဖြင့် မေးလိုက်သည်။
ဂျန်ဝုရှီက ပြန်ပြောလိုက်သည် မသိနိုင်စရာမှ မဟုတ်တာ၊ လေ့ဖန်က ဘုရင်ကြီး နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့တဲ့ သားပဲလေ၊ ဖြစ်နိုင်ဖွယ် နည်းနည်းလေး ကျန်နေရင်တောင်, လေ့ဖန်ကို မိဖုရားကြီးနဲ့ အမတ်ချုပ်ကြီးရဲ့ သားရယ်လို့ ဘုရင်ကြီးက မြင်ချင်မှာ မဟုတ်ဘူး၊ မိဖုရားကြီးက ဉာဏ်ကောင်းတဲ့ မိန်းမပဲ၊ ဒီတစ်ကြိမ် သူ လုံးလုံး ဆုံးရှုံးသွားပြီဆိုတာ သိသွားတော့, သူ့ကိုယ်သူ မကယ်တင်နိုင်တော့ဘူး၊ ဒါ့ကြောင့် သူ့ မျှော်လင့်ချက်တွေကို လေ့ဖန်မှာ ရှိနေသေးတဲ့ မျက်နှာကိုပဲ မူတည်ထားလိုက်တော့တာ၊ အဲဒီ မျက်နှာလေးကို ကြည့်ပြီးတော့ ဘုရင်ကြီး နူးညံ့ချိုသာပြီး ပိုမို သက်ညှာပေးဖို့ မိဖုရားကြီးက မျှော်လင့်နေတာ။