၈၁၃။ ရှေ့တက်ဖို့ နောက်ဆုတ်ခြင်း (၃)

346 31 0
                                    

၈၁၃။ ရှေ့တက်ဖို့ နောက်ဆုတ်ခြင်း (၃)

ငါ နောက်ဆုံး တစ်ကြိမ် မေးပါရစေ၊ မင်းတို့ အားလုံး ငါ့ကို တကယ် ကူညီချင်ကြတာလား လေ့ချန်က မေးသည်။ သူကား အတော်လေး ကြောက်ရွံ့ထိတ်လန့်နေဟန်ရသည်။

ဂျန်ဝုရှီ ခေါင်းညိတ်လိုက်သည်။

လေ့ချန်က သူ့ထိုင်ခုံကို ရုတ်တရက် ကျောပစ်ထိုင်၍ အသက်ဝဝ ရှူလိုက်သည်။ ထိုသို့ ဖြစ်ခြင်းက သူ အစိုးရိမ်လွန်သွားလို့လား, သို့မဟုတ် သူ့နှလုံးသားကို အကြီးအကျယ် လှုပ်ယမ်းသွားစေလို့လား သူ တိတိကျကျ မသိပေ။ သူ စကားပြောဖို့ အလျင်မလိုပေ။ သူက ဂျန်ရှီ, ဟွာယောင်းနှင့် တခြားလူများကို တစ်ယောက်ချင်းစီ ဆက်လက်၍ ကြည့်ရုံသာ ကြည့်နေသည်။ သူ့အမူအရာအရ သူတို့ကို အတည်အတန့် ဟုတ်သလား သေချာအောင် လေ့လာနေခြင်း ဖြစ်သည်။

သူတို့အားလုံးက သူ့အတွက် အရေးပါသူများ ဖြစ်ကြသည်။ သို့သော် သူတို့ကို တကယ်ပင် ယုံကြည်နိုင်ရဲ့လား။

လက်သည်တရားခံက ဘယ်သူလဲဆိုတာကို ညီငယ်လေး ဂျန် သိနေပြီဆိုတော့မှ, အဲလူရဲ့ မူရင်းဇာစ်မြစ်ကို မင်း သိလိမ့်မယ်ဆိုတာ သံသယဝင်စရာတောင် မလိုတော့ဘူး၊ ဒါ့ကြောင့် အိမ်ရှေ့စံဖြစ်တဲ့ ငါတောင် သူ့အသုံးချခံ ကလေးတစ်ယောက်သာသာပဲဆိုတာရယ်, သူ့မျက်စိရှေ့မှာ ငါက ကြိုးကိုင်ခြယ်လှယ်လို့ ရတဲ့ လူတစ်ယောက်သာသာပဲ ဆိုတာပါ, မင်း ရှင်းရှင်းလင်းလင်း သိနေမှာပါ၊ ရာထူးရော ဩဇာအာဏာရော ငါ့မှာ ရှိတဲ့ နှစ်ခုစလုံးက သူနဲ့ ယှဉ်ရင် နိမ့်ကျနေတယ်၊ ညီငယ်လေး ဂျန်က ငါ့ဆီကနေ တစ်ခုခု လိုလားခဲ့ရင်, အဲလူက ငါပေးနိုင်တာထက် ပိုပေးနိုင်တယ်ဆိုတာ မင်း သိမှာပါ၊ ဒါတောင်မှ မင်းက ငါ့ကို ကူညီပေးချင်နေသေးတာလား လေ့ချန်က ဂျန်ဝုရှီကို တိုက်ရိုက်ကြည့်၍ မေးသည်။

လေညင်းကျောင်းတော်မှ ဒီလူငယ်အုပ်စုတွင် တကယ်ဦးဆောင်နေသူက သူတို့ထဲမှ အငယ်ဆုံး ဖြစ်သော ဂျန်ရှီမှန်း သူ နားလည်ဖို့ မခက်ပေ။

လေ့ချန်၏ လေသံက အရင်တုန်းကနှင့် မတူဘဲ ပြောင်းလဲသွားသည်။ အပြုံးက နည်းပါးသွားသည်။ အတည်အတန့်သဘောနှင့် ရောနှောပေါင်းစပ်လာသည်။

ပါရမီရှင်သမားတော်(၂)Tahanan ng mga kuwento. Tumuklas ngayon