၇၄၁။ ရှစ်ခုမြောက် ရိုက်ချက် (၂၂)
ဂျန်ဝုယောင်း၏ အံ့ဘွယ်ဘနန်း စွမ်းအားကြောင့် လူတိုင်း အံ့အားသင့် မှင်တက်နေစဉ်, တစ်စုံတစ်ယောက်က လုံးလုံးလျားလျား စိတ်ပျက်ညှိုးငယ်နေလေ၏။
နင်ရူက နေရာမှာတင် လုံးဝ တောင့်တင်းနေမိသည်။ သူ့မျက်နှာက ဖြူရော်ကျသွားသည်။ သူ့ခန္ဓာကိုယ် အနှံ့ပျားစီး ရိုးတွင်းခြင်ဆီထိ အေးစက်ခြင်းကို ခံစားလိုက်ရသည်။
(ဒါ အပြီးသတ်သွားပြီ.... တကယ့်ကို အဆုံးသတ်သွားပြီ....)
အကြိမ်များစွာ မျှော်လင့်ချက်များဖြင့် လောင်မြိုက်ခဲ့သည်။ သို့သော် အဆုံးသတ်မှာတော့ စိတ်ပျက်စရာသာ ကျန်ရစ်ခဲ့သည်။ သူ့မျက်လုံးများက သွေးအိုင်များတွင် လဲကျနေသော လူများကို ကြည့်နေသည်။ မကြာမီ ကြမ္မာဆိုးက နင်ရူထံ ကျရောက်လာမည့်ပုံ ပေါ်နေသည်။
ကြောက်လန့်ခြင်းက သူ့အား ဆုပ်ကိုင် ဖျစ်ညှစ်ထားသည်။
ကျောင်း... ကျောင်းအုပ်ကြီး.... ကျ... ကျနော်တို့... ဘာ... ဘာလုပ်ကြမလဲ....အခု.... ဂုန်ချန်းလီ၏ ခြေထောက်များက ပျော့ခွေနေသည်။ လူတချို့ ပေါ်ထွက်လာချိန်မှာ အလှည့်အပြောင်း ဖြစ်သွားလိမ့်မည်ဟူ၍ သူ တွေးထင်ထားခဲ့သည်။ သို့သော် ကိစ္စရပ်များက သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်သည်အထိ တိုးတက် ဖြစ်ပွားသွားခဲ့သည်။
အလွန်အားကောင်းသော စွမ်းအားရှင်ဖြစ်သည့် ထိုလူက သူတို့နှလုံးသားများအား ကြောက်လန့်တကြား ဖြစ်သွားစေပြီး သူတို့၏ နောက်ဆုံး မျှော်လင့်ချက်ကို ကွဲပျက်သွားစေခဲ့သည်။
ဂုယင်ကို ကယ်တင်သွားခဲ့ပြီ။ နောက်မှာ ကျန်ရစ်ခဲ့သည့် သံတမန်သုံးယောက်က အသတ်ခံလိုက်ရသည်။ သူတို့ နှစ်ယောက်တည်းသာ လေညင်းကျောင်းတော်မှာ ကျန်ရစ်တော့သည်။
သေမင်း၏ အရိပ်မည်းကြီးက သူတို့ ခေါင်းပေါ်မှာ ရစ်ဝဲနေလေပြီ။
ဂုန်ချန်းလီက ယင်းသို့ မေးလိုက်သဖြင့် နင်ရူက သူ့တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူက သူ့ပတ်ပတ်လည်ရှိ အံ့အားသင့် မှင်တက်နေကြသော ကျောင်းသားများကို လှည့်ပတ်ကြည့်၍ လူအားလုံးက အရပ်မြင့်မြင့် စွမ်းအားကောင်းသော ထိုလူ့ထံမှာသာ အာရုံစွဲ ကပ်ငြိနေကြောင်းကို သူ တွေ့မြင်လိုက်သည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)