၇၀၅။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၄)
သူ ကိုယ့်ဘာသာ စားနိုင်တဲ့ ပုံမပေါ်ဘူး၊ လာစမ်း, ဂုန်ချန်းလီ, မင်း သူ့ကို ခွံ့ကျွေးစမ်း နင်ရူက ပြောသည်။ သူ့မျက်လုံးများက ရက်စက်လိုခြင်းများ တစက်စက်ယိုစီးနေသည်။
ဂုန်ချန်းလီက ချက်ချင်းပင် ပန်းကန်လုံးကို မြှောက်၍ ဟင်းချိုပန်းကန်မှ ပူနေဆဲဖြစ်သော ဟင်းရည်ကို ဇွန်းဖြင့် ခပ်ယူ၍ ဖန်ဂျင့်ပါးစပ်ထဲ တစ်ဇွန်းပြီး တစ်ဇွန်း လောင်းထည့်လေ၏။
သို့သော်လည်း ဖန်ဂျင်က နည်းနည်းလေးပင် မတုံ့ပြန်ချေ။ သူက ရှေ့သို့သာ မျက်လုံးအကြောင်သားဖြင့် ကြည့်နေသည်။ ဂုန်ချန်းလီက ထမင်းကို ပါးစပ်အပြည့် ထည့်ပေး၍ ဟင်းများကိုပါ သွပ်ပေးသည်။ သူ့ပါးစပ်က ပွင့်မြဲတိုင်းသာ ရှိနေပြီး မလှုပ်ရှားနိုင်ချေ။ အတင်းအကျပ် ဖိအားပေး၍ ပါးစပ်ထဲ ထည့်သွင်းထားသော ဟင်းများ ထမင်းများက ပြုတ်ကျကုန်သည်။ ပါးစပ်, မေးနှင့် အင်္ကျီများ ပေကျံကုန်သည်။ အရင်ထက်ပင် ပိုမို၍ ညစ်ပတ်သွားစေသည်။
ဟင်းရည်နှင့် ရေများ စိုရွှဲကုန်သဖြင့် ဖန်ဂျင့်ပုံစံက လမ်းဘေး သူတောင်းစားထက်ပင် ဆိုးရွားနေသေးသည်။ သူက တစ်စုံတစ်ယောက်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံထားရသော ရုပ်သေးရုပ်ပမာ ဖြစ်နေသည်။
ဂုန်ချန်းလီ၏ အကြမ်းပတမ်း လုပ်ရပ်က သနားငဲ့ညှာခြင်းကို နည်းနည်းလေးပင် ပြသမနေပေ။ ဖန်ဂျင်၏ ပါးစပ်က အစားအစာများဖြင့် လုံးလုံး ပေပွ၍ ညစ်ပတ်နေလေ၏။ နှုတ်ခမ်းဒဏ်ရာများက ပိုမို၍ စုတ်ပြဲသွားကာ သွေးများ ကျဆင်းလာသည်။
ဂျန်ဝုရှီက အညှင်းဆဲခံနေရသော ဖန်ဂျင်ကို မျက်တောင်မခတ် စူးစိုက်ကြည့်နေသည်။ သူမက နည်းနည်းလေးပင် တုန်လှုပ်ဟန်ကို ပြသမနေပေ။ အဖြစ်အပျက်မှန်သမျှကို တစ်ခုချင်းစီ မှတ်သားထားသည်။ ထိုအရာအားလုံးကို သူမနှလုံးသားထဲမှာ အမှတ်အသား လုပ်ထားလိုက်သည်။
ကနေ့ ထိုလူများ၏ အရှက်ခွဲသော တည်ခင်းကျွေးမွေးခြင်းကို သူမ မှတ်သားထားရလိမ့်မည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)