၃၉၆။ "ရွံစရာ အခန်းဖော် - ၄"

645 44 0
                                    

၃၉၆။ ရွံစရာ အခန်းဖော် - ၄

ယင်ယန်က နားလည်သဘောပေါက်သဖြင့် ခေါင်းညိတ်ပြသည်။ အမကြီး နင်၏ စကားက အခြေအနေတစ်ခုလုံးကို တခြားရှူထောင့်ဖြင့် မြင်စေသည်။

ဒါပေမဲ့ အဲကောင်လေးရဲ့ လက်စွပ်ဝိညာဉ်က သာမန် ကြောင်နက်လေးပါ.... ထူးခြားတာ ဘာတစ်ခုမှ မတွေ့ရဘူး။

သာမန်ကြောင်နက်လေးလား အမကြီးနင်၏ စွဲမက်ဖွယ် မျက်နှာမှာ အေးစက်သည့် လှောင်ပြုံး ပေါ်လာသည်။ သူမက ယင်ယန်ကို စိတ်မကောင်းစွာ ကြည့်လိုက်သည်။ အဲကောင်လေးမှာ ဘာစွမ်းရည်မှ မရှိဘဲ သာမန်ကြောင်လေးကိုသာ ပိုင်ဆိုင်ထားရင်, သူက လေညင်းကျောင်းတော်ရဲ့ မဟာဌာနကို တိုက်ရိုက် ဝင်ခွင့်ရမယ်လို့ နင် ထင်နေတာလား၊ ယန်လေး, နင်က အတော့်ကို ထုံအတာလဲ။

အမကြီး နင်၏ စကားက မာန်ထောင်လွှားနေသည့် ယင်ယန်ကို ရေအေးဖြင့် ကြမ်းတမ်းစွာ ပက်ဖြန်းလျှက် လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။

သူက ဂျန်ဝုရှီ၏ အသက်အရွယ်နှင့် မည်သည့် ထူးခြားချက်မျှ မရှိသည့် ကြောင်နက်လေးကိုသာ ကြည့်ခဲ့သည်။ သို့သော် သူမေ့နေတာက... ဂျန်ဝုရှီက မဟာဌာနသို့ တိုက်ရိုက်ဝင်ခွင့်အနည်းငယ်ထဲမှ တစ်ယောက်ဆိုတာကိုပင် ဖြစ်သည်။

ယင်ယန်ကိုယ်တိုင်ပင် မဟာဌာနသို့ တိုက်ရိုက် ဝင်ခွင့်ရခဲ့သူ ဖြစ်ပြီး မည်မျှ ခက်ခဲကြောင်းလည်း သူ အသိပင် ဖြစ်သည်။

သူ့အား သတိပေးလိုက်သဖြင့် ဂျန်ဝုရှီအပေါ် အထင်အမြင်သေးခြင်းက အနည်းငယ် ကွာကျသွားသည်။

အမကြီး နင်က အမြဲတမ်း မှန်တယ်၊ အငယ်ဖြစ်တဲ့ ငါက နင့်ဆီကနေ တစ်ခုခုကို သင်ယူလိုက်ရတာပဲ။ ယင်ယန်က နှိမ့်ချကာ ပြောသည်။

အမကြီးနင်က ပေါ့ပါးစွာ တခစ်ခစ် ရယ်သည်။ မည်သို့မျှ မှတ်ချက်မပေးတော့ဘဲ သူမစာအုပ်ကို ခေါင်းငုံ့ကာ ပြန်ဖတ်သည်။ သို့သော် ယင်ယန်ကို မကြည့်ဘဲ ဆက်ပြောသည် ဖန်ဂျင်က လူသစ်ကို သူ့အုပ်ထိန်းခံအနေနဲ့ တာဝန်ယူလိုက်တော့ နင် ခါးခါးသီးသီး ခံစားရမှာပေါ့၊ မဟုတ်ဘူးလား၊ သူက နင့်ကို အရင်က ရှိတယ်လို့တောင် မထင်ခဲ့ဘူး၊ ပြီးတော့ လူသစ်ကို ကြောင့်ကြစိုက်ပြနေသေးတယ်၊ နင်တို့ နှစ်ယောက်ကို သူက ခွဲခွဲခြားခြား ဆက်ဆံနေတာကို ငါ မြင်နေရတာ ဝမ်းနည်းစရာပဲ။

ပါရမီရှင်သမားတော်(၂)Hikayelerin yaşadığı yer. Şimdi keşfedin