၂၇၄။ "အကိုဟွာ - ၃"

947 81 0
                                    

၂၇၄။ “အကိုဟွာ - ၃”

ဟွာယောင်းက ဂျန်ဝုရှီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သည်လောက် ငယ်ရွယ်သည့် ကောင်လေးက ခဲချန်ဂျု၏ လက်သီးပုန်း ရက်စက်သည့် လုပ်ရပ်များကို နေ့တစ်ဝက်တည်းဖြင့် စေ့စေ့စပ်စပ် မြင်နိုင်လိမ့်မည်ဟူ၍ သူ မမျှော်လင့်မိ‌ပေ။ သူက ဂျန်ဝုရှီကို သာမန်လူဟူ၍ မမြင်မိတော့ပေ။

“မင်း ခန့်မှန်းချက်က ဒက်ထိ မှန်တယ်၊ အဲဒါ ခဲချန်ဂျုရဲ့ လုပ်နည်းလုပ်ဟန်ပဲ၊ သူက နောက်ရက် အနည်းငယ်ကြာရင်, နည်းနည်းစီ ခေါ်လာပြီး ဖြည်းဖြည်းချင်း သတ်တော့မယ်၊ တိမ်ဖုံးတောင်ထွတ်အတွင်းမှာ ရှိတဲ့ ချင်းယန်ကလန်တပည့် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ တပည့်တွေသာ လုံခြုံတယ်၊ ဒါပေမဲ့ သူတို့ကလည်း ဝံပုလွေ တစ်အုပ်စုတည်းရယ်၊ သူတို့က တောင်ထွတ်ထဲမှာ ဘာတွေ လုပ်နေတယ်ဆိုတာ အတိအကျ သိကြတယ်။” ဟွာယောင်းက အတည်ပြု ပြောကြားသည်။

“နင် ဒီကို ပြီးခဲ့တဲ့လက လာခဲ့တာလား” ဂျန်ဝုရှီက ဟွာယောင်းကို ကြည့်သည်။ သူ့ဒဏ်ရာများက ပြင်းထန်နေတာကို သူမ သတိပြုမိသည်။ သို့သော် မြေအောက်ခန်းမှာ ရှိသည့် တခြားလူများနှင့် နှိုင်းယှဉ်လျှင်, စိုးရိမ်ရသည့် အခြေအနေနည်းပါးသည်။ အနည်းဆုံးတော့ သူက သတိရှိနေသည်။

ဟွာယောင်းက ခေါင်းညိတ်သည်။ “အရင်အုပ်စုထဲကနေ ဒီမြေအောက်ခန်းကို ခေါ်ဆောင်ခံရတာ ငါက နောက်ဆုံးလူပဲ၊ ပြီးတော့ ငါက ငါ ဒီမလာခင် သတင်းအချက်အလက်မှန်သမျှကို ကျောက်ချူဆီ ငါ့ စာချုပ်ဝိညာဉ်ကနေ တဆင့် ပို့ပေးခဲ့တာ။”

ဂျန်ဝုရှီက ဟွာဟောင်းကို စေ့စေ့စပ်စပ် လေ့လာကြည့်ပြီး သူ့ဒဏ်ရာများမှ သွေးများ ခဲသွားတာကို သူမ သတိပြုမိလိုက်သည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာများဖြင့် ရှုပ်ပွနေသော်လည်း သူက တက်ကြွလန်းဆန်းနေပုံပင်။ ပြီးခဲ့သည့် အချိန်က သူ့ကို တင်ပါးဆုံရိုးများတွင် ချိတ်များဖြင့် ဖောက်ထွင်းပြီး ချိတ်ဆွဲထားခဲ့တာကိုသာ မတွေ့ခဲ့ရရင်, သည်လို ဖြစ်နေတာကို အတုအယောင်လို့သာ မည်သူမဆို ထင်မှာ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora