၃၀၆။ "ပျက်သုန်းခြင်း-၁"

955 71 0
                                    

၃၀၆။ “ပျက်သုန်းခြင်း-၁”

ကောင်းကင်က လင်းရှင်းလာချိန်မှာ ကျောက်ချူ ပြန်သွားပြီး ဂျန်ဝုရှီ၏ အခန်းတံခါးအပြင်ဘက်တွင် ရပ်၍ စောင့်ရှောက်နေသည်။

ဟွာယောင်းနှင့် ဂျန်ဝုရှီက တိမ်ဖုံးတောင်ထွတ်အတွင်းသို့ လာရောက်မည့် အဓိပတိ ချင်ယွဲ့ကို စောင့်ဆိုင်းနေသည်။

တိမ်ဖုံးတောင်ထွတ်တွင် ချင်ယွဲ့ ပေါ်ပေါက်လာလျှင်, အသစ်ခေါ်ယူထားသည့် တပည့်များက အရမ်းအံ့ဩသွားကြသည်။ သူတို့က ချစ်ခင်မြတ်နိုးခြင်းများစွာဖြင့် အဓိပတိနောက်မှ ကပ်ပါလာကြသည်။

ချင်ယွဲ့ကလန်အင်အား၏ နောက်ကွယ်မှ လူ, သည်လူက ကုန်းမြေတစ်ခုလုံးတွင် ဆေးပညာမှာ စွမ်းရည်အမြင့်ဆုံးဖြစ်သည်မို့ ကြည်ညိုလေးစားခံရသူ ဖြစ်သည်။

ချင်းယန်ကလန်အဓိပတိ၏ မျိုးနွယ်အဆက်ဆက်က ဆေးပညာမှာ ထူးခြားလွန်းသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ အစောပိုင်းကာလများတွင်, ချင်းယန်ကလန်ကို တည်ထောင်သူက အံ့ဖွယ်သမားတော်ဟူ၍ ထင်ပေါ်ကျော်ကြားခဲ့ပြီး သူက ချင်းယန်ကလန်ကို တည်ထောင်ထားခဲ့သည်။ ကုန်းမြေတစ်ခွင်ရှိ လူများစွာက ထိပ်ဆုံးအဆင့် သမားတော်အထံသို့ အလုပ်အကျွေးပြုရန် လာရောက်ကြရသည်။

နေ့စဉ်လိုလိုပင်, လူများက မဖိတ်ခေါ်ဘဲ ရောက်ရှိလာကြသည်။ သူတို့၏ အနာရောဂါများကို သက်သာ ပျောက်ကင်းအောင် ချင်ယွဲ့ဆီမှ အကူအညီကို မျှော်လင့်ကြလို့ လာရောက်ကြခြင်း ဖြစ်သည်။ ထို့ပြင် ကုသခြင်းအတွက် တောင်းဆိုချက်က မြင့်မားလှသည်။ တချို့က ဆေးများအတွက် စုပြုံတိုးလာကြသည်။

ကုသဆေးနှင့် ကျင့်ကြံခြင်းဆေးများက ခွဲခြားလို့ မရဘဲ အရည်အချင်းရှိ သမားတော်များက အမြဲတမ်းပင် ထူးခြားကောင်းမွန်သည့် ဆေးများကို တစ်လုံးတန်သည် နှစ်လုံးတန်သည် ဖော်စပ်ပေးကြသည်။

ချင်းယန်ကလန်တွင် ချင်ယွဲ့၏ ဆေးကုသခြင်းစွမ်းရည်က သေခါနီးလူကိုပင် အသက်ပြန်ရှင်သန်အောင် လုပ်နိုင်ပြီး ထိုလူ၏ ဒဏ်ရာများအားလုံးကို သက်သာစေနိုင်သည်ဟူ၍ ယုံကြည်ထားကြသည်။ သူ့ဆေးလုံးများကိုလည်း မနာမကျန်းလူများအတွက် တောင်းဆိုမှုများသည်။ သို့မဟုတ် ဒဏ်ရာပြင်းထန်လွန်းသဖြင့် ချင်းယန်ကလန်သို့ မလာရောက်နိုင်သည့် လူနားများအတွက် တောင်းဆိုမှု များသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now