၇၅၇။ ရန်တိုင်းပြည် (၈)
သို့သော် ဖန်ဂျင်က မည်သည့်အရာကိုမျှကိုလည်း မမေးသလို, နှိုက်နှိုက်ချွတ်ချွတ်လည်း မစဉ်းစားလိုပေ။ ဂျန်ဝုရှီဖြစ်စေ, သူမအနီးအနားရှိ အပေါင်းအသင်းများဖြစ်စေ, သာမန်နောက်ခံရှိသူများ မဟုတ်ဟူ၍ သူ သိသည်။ သူတို့ လုပ်မည့် အရာကို သူ့အား သူတို့ မပြောလျှင်, သူတို့ အကြောင်းပြချက်နှင့် သူတို့ဟူ၍ သူ မှတ်ယူထားသည်။
ဖန်ဂျင်၏ မျက်လုံးများက ဖြည်းဖြည်းချင်း ဖန်ဇိုသို့ ပြောင်းရွှေ့ကြည့်လိုက်သည်။ သူမျက်နှာမှာ နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်းလာသော ရိုးသားဖြူစင်သည့် အပြုံးက တောက်ပနေတာကို သူ မြင်ရလျှင် သူ ဝမ်းသာ ဝမ်းနည်း ဖြစ်သွားရသည်။
မင်းတို့တွေ ဆက်စကားပြောကြအုံး၊ ငါ မဟာအကြံပေးကို သွားတွေ့ရအုံးမယ် ဖန်ဂျင်က ထရပ်၍ ပြောသည်။ သူ ဒီမှာ ဆက်ရှိနေလျှင် ဂျန်ဝုရှီတို့ စကား ထိန်းထိန်းသိမ်းသိမ်း ပြောနေရမှာကို စိုးရိမ်မိသဖြင့် ထွက်သွားရန် သူ အကြောင်းပြချက် ရှာလိုက်သည်။
မဟာအကြံပေးလား, အကိုကြီး, သူ့ရှာပြီး ဘာလုပ်မလို့လဲ ဖန်ဇို မေးလိုက်သည်။
ရန်တိုင်းပြည်၏ မဟာအကြံပေးက အခရာကျ၍ အရေးပါသော နေရာကို ကိုင်စွဲထားသူ ဖြစ်သည်။ သူက လူများ ကြည်ညိုမြတ်နိုးခံရသူ ဖြစ်သည်။ သူ့ဂုဏ်သိက္ခာနှင့် အဆင့်အတန်းက ဘုရင်ကြီး ပြီးလျှင် ဒုတိယဖြစ်သည်။ သို့သော် နန်းပလ္လင်ကို ဆက်ခံမည့် အိမ်ရှေ့စံထက် အဆင့်မြင့်သည်။ သို့သော်ငြား မဟာအကြံပေးက ရန်တိုင်းပြည်၏ အရေးကိစ္စများမှာ ဝင်ရောက်စွက်ဖက်တာ ရှားသည်။ သူ လိုအပ်ချိန်မှသာ ပေါ်လာတတ်သည်။
ရန်တိုင်းပြည်၏ ဘုရင်ကြီးကို အာဏာပိုင်စိုးသော အုပ်ချုပ်သူအဖြစ် မှတ်ယူလျှင်, မဟာအကြံပေးကို ရန်တိုင်းပြည်၏ အသက်သွေးကြောဖြစ်သည့် ခေါင်းဆောင်အဖြစ် မှတ်ယူရမည်။ သူက လူချစ်လူခင် ပေါများပြီး အလေးစားခံရဆုံးသူလည်း ဖြစ်သည်။
ဖန်ဂျင်က ရယ်ရယ်မောမောဖြင့် အလွယ်တကူ ပြန်ဖြေသည် ဆရာကြီး ဝမ်ရှင်းဟန်က ငါတို့ ထွက်မလာခင် မဟာအကြံပေးအတွက် စာတစ်စောင် ထည့်ပေးလိုက်တယ်။