၇၆၂။ မီးဝိညာဉ် လေလံအိမ်တော် (၅)
ဒါပေမဲ့ လင်းယွဲ့က မဟာအကြံပေးက ချောသလား, အဲလူ ချောသလားဆိုတာ သိချင်နေတော့, သူမ သံသယကို ရွှမ်လေးက ကူညီဖြေရှင်းပေးနိုင်လောက်မှာပါ၊ ငါ ဘာမှ မကြားမိသလို နေလိုက်ပါ့မယ်၊ မဟာအကြံပေးကိုလည်း ဘာမှ ပြန်မပြောပါဘူး လေ့ချန်က ဘေးတစ်ဖက်တွင် ထိုင်နေသည့် ဖူရွှမ်ကို ကြည့်လျက် စနောက်ဟန်ဖြင့် ပြောသည်။ သူ့လေသံက ခင်မင်ရင်းနှီးဟန် ရပြီး သူထည့်သွင်း ပြောဆိုလိုက်သည့် မိန်းကလေးကို ချစ်မြတ်နိုးဟန်လည်း ပါဝင်သည်။
ဖူရွှမ် ချက်ချင်းပင် ရှက်သွေးဖြာသွားပြီး ပြန်ပြောသည် ဘယ်သူက ပိုကြည့်ကောင်းလဲဆိုတာ ငါ တကယ် မပြောတတ်ပါဘူးနော်၊ တကယ်တော့ အပြင်ပန်း ရုပ်ရည်ဆိုတာ အခွံသက်သက်ပါဘဲ၊ အရေးအကြီးဆုံးက အတွင်းပိုင်းပါ၊ ရုပ်လေး ချောတာကို အခြေတည် ဆုံးဖြတ်မယ်ဆိုရင်, ရုပ်လေးပဲ ချောရင်တော့ အသုံးမဝင်တဲ့ အရူးအပေါသာသာပါဘဲလေ။
ဖူရွှမ်က ဘာမှ မဟုတ်ဟန်ဖြင့် ဖော့ပြောသည်။ သို့သော် သူမစကား နောက်ကွယ်မှ ဆိုလိုရင်းက ဂျန်ဝုယောင်းနှင့် မဟာအကြံပေးနှစ်ယောက်လုံးကို အရူးအပေါဟူ၍သာ တံဆိပ်ကပ်လိုက်ခြင်း ဖြစ်သည်။
ချူလင်းယွဲ့က ရိုးသား ဖြူစင်သော စိတ်ထားရှိသူ ဖြစ်သဖြင့် ၎င်းစကားနောက်ကွယ်မှ ဆိုလိုရင်းကို မရိပ်စားမိပေ။ သို့သော် လေ့ချန်က အပြည့်အဝ ပုံဖော်နိုင်သည်။ သူ ပြုံးလိုက်ပြီး နောက်ထပ် မည်သည့် မှတ်ချက်မျှ မပြောတော့ပေ။
ဖူရွှမ်က လေ့ချန်၏ တုံ့ပြန်မှုကို သတိပြုမိသဖြင့် နှုတ်ခမ်းလေးများ ကော့တက်ကာ ပြုံးလိုက်သည်။
အဲယောက်ျားလည်း အပြစ်ဆိုစရာ မရှိတဲ့ လူကြီးလူကောင်း ဖြစ်မှာပါ၊ သူတို့ ဒီထဲ ဝင်လာတော့, တစ်ချိန်လုံး သူ့အပေါင်းအဖော်ကို ကာကွယ်ပေးနေခဲ့တာ၊ သူ့ အပေါင်းအသင်းလေးက သူ့ညီငယ်လေးလား, ဘာလားလို့ ငါ သိချင်မိတယ်၊ သူက အရမ်း ချိုသာနေတာပဲ ချူလင်းယွဲ့က ဖူရွှမ် ထောက်ပြသော အချက်ကို လုံးလုံး မေ့လျော့နေပြီး ပြူတင်းပေါက်မှ ထိုလူချောကို တစိုက်မက်မက် ကြည့်ရှူနေမိသည်။ သူမ မျက်လုံးများက ချစ်မြတ်နိုးခြင်းဖြင့် ပြည့်နှက်နေသည်။