၅၇၅။ ရောင်းရင်းကျောင်းသားကို သတ်ဖြတ်သူ-၃

612 51 3
                                    

၅၇၅။ ရောင်းရင်းကျောင်းသားကို သတ်ဖြတ်သူ-၃

သို့သော် ခုချိန်မှာတော့ ချီတိုင်းပြည်တစ်ခုလုံးက သူမ မကောင်းကြောင်း မည်သူ ပြောတော့လို့နည်း။

စိုးမိုးခြယ်လှယ် အနိုင်ကျင့်လွန်းသဖြင့် အတင်းတုပ်ခံရသော သခင်မလေးက အခု ချီတိုင်းပြည်တစ်ခုလုံးတွင် လူအများ မြတ်နိုးလေးစားခံရသော အမျိုးသမီးပညာရှင် ဖြစ်နေလေပြီ။ (Lady Confuciusလို့ သုံးထားပါတယ်။ ကွန်ဖြူးရှပ်ကို ပညာရှင်လို့ပဲ အသိအမှတ်ပြုပါတယ်။ )

လက်တုံ့ပြန်ခြင်းက ဘယ်လောက်ကြာကြာ ကိစ္စမရှိပေ။ သို့သော် ရန်သူကို တစ်ချက်တည်းဖြင့်သာ ဇာတ်သိမ်းပစ်ချင်သည်။

ဖန်ဂျင် ပြောချင်နေသည်။ သို့သော် စကားတစ်လုံးမျှ ထွက်ကျမလာပေ။

ဖန်ဇိုက ဂျန်ဝုရှီနှင့် ဖန်ဂျင်အတွက် လက်ဖက်ရည် ငှဲ့၍ ကမ်းပေးကာ နူးညံ့စွာ ပြုံးရယ်လျက် ပြောသည် ငါ့အကိုကြီးက ခုထက်ထိ ရှီလေးရဲ့ အစွမ်းအစကို မယုံကြည်သေးဘူးနဲ့ တူတယ်၊ သူ မလှုပ်ရှားချင်သေးတာ, သူက ဒီကိစ္စကို ပိုမို လှုံ့ဆော်စေချင်လို့ နေမှာပေါ့၊ နောက်ကွယ်က တရားခံအစစ်အမှန် ပေါ်လာတဲ့ အထိ ငါတို့ စောင့်ရမယ်၊ ငါတို့ အရေးပေါ်ကိစ္စကို မကိုင်တွယ်ခင် တရားခံ ပေါ်လာမှာပါ၊ ဒါ‌ဆို ပို ကျေနပ်ဖို့ မကောင်းဘူးလား။

ဖန်ဂျင်က ခါးခါးသီးသီး ပြုံး၍ ခေါင်းယမ်းပြသည်။

ဒါက ပို ကျေနပ်ဖို့ ကောင်းတာပေါ့၊ ဒါပေမဲ့ ကောလာဟလတွေ ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ ကျယ်ပြန့်လာရင်, အဲကောလာဟလတွေကို ပိုယုံကြည်သွားကြလိမ့်မယ်၊ အဲကျောင်းသားတွေလည်း....

ဖန်ဇိုက သိမ်သိမ်မွေ့မွေ့ ပြုံး၍ သူ့အကိုကြီးကို နှစ်သိမ့်သည် မစိုးရိမ်ပါနဲ့၊ ရှီလေး လှုပ်ရှားလာတဲ့ အချိန် အဲကိစ္စတစ်ခုလုံး လုံးဝ ပြောင်းပြန်လန်သွားပါလိမ့်မယ်။

ဖန်ဂျင်က ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၍ သက်ပြင်းချမိသည်။ ဂျန်ဝုရှီနှင့် ဖန်ဇိုက ဒီကိစ္စနှင့် ပတ်သက်ပြီး တည်ငြိမ်အေးဆေးနေသဖြင့် သူလည်း အနည်းငယ်တော့ စိတ်အေးရမည်ပေါ့။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora