၄၃၂။ ရောဂါလား အဆိပ်လား - ၇
ဆူလိုက်တာဟူသော စကားကို ကြားလိုက်ရလျှင် အာ့ဂျင်က အရိုးထဲ အေးစက်သွားပြီး တုန်တုန်ယင်ယင် ဖြစ်သွား၏။ သူ တံခါးဝကို လှည့်ကြည့်လျှင် ဂျန်ရှီကို တွေ့မြင်၍ စူးစူးဝါးဝါး အော်ဟစ်ပြောဆိုလာသည်။
အကြီး သခင်လေး... အကြီး သခင်လေး အာ့ဂျင်က ဆက်မပြောနိုင်လောက်အောင် ကြောက်လန့်နေ၏။
အာ့ဂျင်... ဖန်ဂျင်က အာ့ဂျင်အသံကို ဖုံးလွှမ်းသွားအောင် အသံမြှင့်၍ အော်လိုက်ရသည်။ သူက အာ့ဂျင်ကို လက်တစ်ဖက်ဖြင့် ဆွဲမ၍ ဖန်ဇို၏ အိပ်ရာဘေးသို့ ဆွဲခေါ်သွားသည်။
တုန်တုန်ယင်ယင် ဖြစ်နေသော အာ့ဂျင်က အိပ်ရာပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေသော ဖန်ဇိုကို တွေ့မြင်၍ သူ့အခြေအနေက ပုံမှန်အတိုင်းဆိုတာကို သတိပြုမိလိုက်သည်။ ဖန်ဇိုက မည်သည့် မသက်မသာမှုကိုမျှ မခံစားရဘဲ အေးချမ်းစွာ အိပ်ပျော်နေပုံရသည်။ အာ့ဂျင်က ဖန်ဇိုကို လက်ညှိုးထိုးပြ၍ ဖန်ဂျင်ကို ပြောသည် ကျနော် မြင်လိုက်တယ်... ဂျန်ရှီက အပ်ရှည်ကြီးနဲ့ သခင်လေး ခန္ဓာကိုယ်ထဲ ထိုးထည့်နေတာကို ကျနော် မြင်လိုက်တယ်။
အာ့ဂျင်... ဇိုလေး ကောင်းနေပြီမို့လား၊ အစောနက ရှီလေး သူ့ကို ကုပေးနေခဲ့တာ၊ မင်း အထင်လွဲနေပြီ။ ဖန်ဂျင် သက်ပြင်းချ၍ ပြောသည်။ အာ့ဂျင်က ဖန်ဇို့အပေါ် အလွန် သစ္စာရှိပြီး ဂရုစိုက်သူ ဖြစ်သည်။ သို့သော် ဉာဏ်သွက်လက်သူ မဟုတ်ဘဲ တစ်ချက်လွှတ် မှတ်သားထားတတ်သူ ဖြစ်၏။
အာ့ဂျင် တိတ်ဆိတ်သွားသည်။ သူက အခုထိ ကြောက်လန့်တကြား ဖြစ်နေတုန်းပင်။ သူက ဂျန်ရှီကို တစ်လှည့် ဖန်ဇိုကို တစ်လှည့် ကြည့်လိုက်သည်။ နောက်ဆုံးတွင် ဖန်ဇို၏ အိပ်ရာဘေးသို့ သွား၍ လည်ပင်းမှ သွေးကြောကို စမ်းသပ်ကြည့်လေ၏။ ဖန်ဇို ဘာမျှ မဖြစ်တာကို တွေ့ရမှ ဂျန်ရှီကို လှည့်ကြည့်သည်။ သူက အခုထိ လက်ခံယုံကြည်မှု မရှိသေးချေ။
ဂျန်ဝုရှီက တံခါးဘောင်ကို မှီနေ၏။ သူ့မျက်လုံးများက အေးစက်စက် ဖြစ်နေသည်။ သူမက မကျေနပ်လည်း ဖြစ်မနေသလို ပျော်နေသည်လည်း မဟုတ်ပေ။