၆၈၈။ တုန်လှုပ်ဖွယ် အပြောင်းအလဲ (၄)
ဖန်ဇို၏ ကျန်းမာရေးအခြေအနေက အမြဲတမ်း အားနည်းချည့်နဲ့သည်။ ဖန်ဂျင်က ဖန်ချီ၏ မွေးစားသား ဖြစ်သည်။ သို့သော် ဖန်ချီက သူ့ကို အမြဲတမ်း ခွဲခြားဆက်ဆံမှု မရှိခဲ့ပေ။ သားအရင်းလိုပင် ဆက်ဆံခဲ့သည်။
အနေအထားက ဒီအတိုင်းသာ မထူးခြားဘဲ ဆက်လက် ဖြစ်နေခဲ့လျှင်, ဖန်ဇို၏ ကျန်းမာရေး အခြေအနေက အပင်ပန်း မခံနိုင်သဖြင့် လူတိုင်း မျှော်လင့်ထားပြီးသားက ကျောင်းအုပ်ကြီးရာထူးက ဖန်ဂျင့်လက်ထဲသို့သာ ရောက်ရှိသွားမည်ဟူ၍ ဖြစ်သည်။
သို့သော် မျှော်လင့်မထားသော ပြဿနာက ဖြစ်ပေါ်လာခဲ့သည်။ ဒါက ဖန်ဇို၏ ကျန်းမာရေးအခြေအနေဖြစ်သည်။
ဂျန်ဝုရှီ ကုသပေးသဖြင့် ဖန်ဇို၏ ကျန်းမာရေးက တိုးတက် ကောင်းမွန်လာသည်။ အပြင်သို့ ထွက်ရိုးထုံးစံ မရှိတာတောင် ဖန်ဇိုက လေညင်းကျောင်းတော်အပြင်သို့ နှစ်ကြိမ်တိုင်တိုင် ထွက်ခွာသွားနိုင် ခဲ့သည်။ ဖန်ဇို၏ လှုပ်ရှားဆောင်ရွက်ပုံကို ကြည့်ခြင်းအားဖြင့် ငယ်စဉ်ကတည်းက ချည့်နဲ့၍ ဖျားနာခဲ့သော ဖန်ဇိုက ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာတာကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သားအရင်းဖြစ်သော ဖန်ဇို၏ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် မွေးစားသားဖြစ်သော ဖန်ဂျင်၏ အနေအထားက ခပ်လှုပ်လှုပ် ဖြစ်လာသည်။
ထို့ကြောင့် ဖန်ဂျင်က အောင်မြင်ခါနီး ကိစ္စရပ်များ သူ့လက်ထဲမှ လွတ်ထွက်သွားသဖြင့် ဖန်ချီအား သတ်လိုက်ခြင်းသာ ဖြစ်၏ဟူ၍ လူတိုင်း အမြန်အဆန် ကောက်ချက်ချလိုက်ကြတော့သည်။
၎င်းကောက်ချက်နှင့် အတူ တံခါးပိတ်ထားသော ရုံးခန်းအတွင်း ဖန်ဂျင့်လက်ထဲမှာ သွေးစွန်းဓားကိုပါ တွေ့မြင်လိုက်ရသဖြင့် အရာရာတိုင်းက သလင်းကျောက်လို ရှင်းလင်းသွားသည်။
ဖန်ချီကို သတ်ဖြတ်ခြင်းဟူသော ပြစ်မှုက ဖန်ဂျင့်ခေါင်းပေါ်သို့ အကုန်ပုံကျသွားသည်။ သူ့ကို ချက်ချင်း အရေးယူဆောင်ရွက်မည့် အချိန်မှာ, မမျှော်လင့်ဘဲ ဂုဏ်အဆင့် မြင့်လွန်းသော စည်းကမ်းထိန်းသိမ်းရေးမှူး ဆရာကြီးတစ်ယောက် ရုတ်တရက် ပြန်ရောက်လာသည်။
