၅၁၂။ ဇွဲကောင်းစွာ လိုက်လာသူ - ၃

577 47 0
                                    

၅၁၂။ ဇွဲကောင်းစွာ လိုက်လာသူ - ၃

ဂျန်ဝုရှီ အနည်းငယ် မျက်ခုံးပင့်မိသွားသည်။ သိုးလေးက ခေါင်းပြန်ငုံ့၍ ဂျန်ဝုရှီခြေထောက်ဘေးနားရှိ မြက်များကို စားလေ၏။ ကြည့်ရသလောက် ထူးထူးခြားခြား အရသာခံစားနေပုံရသည်။

ဒီလိပ်ပြာသားရဲက လူသားတွေကို မကြောက်ဘူးလား၊ သူ့အဆင့်က အရမ်း နိမ့်လွန်းလို့လား ‌ကျောက်ချူက ရယ်လျက် ပြောသည်။ သူကား မျက်ရည်ပင် ဝဲနေ၏။ ယောင်တိယောင်နဖြင့် တုံးအသော လိပ်ပြာသားရဲကို ပထမဆုံး သူ မြင်ဖူးခြင်းပင်။ တခြားလိပ်ပြာ သားရဲများဆိုလျှင် လူသားများ အနီးအနား ရောက်ရှိလာပါက, အရိပ်အငွေ့ပင် မကျန် ချက်ချင်း ထွက်ပြေးကြသည်။ သို့သော် ဒီသိုးကောင်လေးက သူ့ကို ထပ်တလဲလဲ အကြမ်းပတမ်း စနောက်နေတာတောင် မကြောက်မလန့်ဘဲ သူတို့ဘေးနားမှာ ရစ်သီရစ်သီပင် လုပ်နေသေး၏။

ထို့ပြင် ပျော်ပျော်ပါးပါးဖြင့် အားပါးတရ မြက်များကိုပင် စားနေပြန်သေး၏။

သူတို့ သူ့ကို သတ်မှာ မကြောက်ဘူးလား။

သူ့အရွယ်အစားအရ ဆုံးဖြတ်ရရင်, မွေးခါစလေးပဲ ဖြစ်ရမယ်၊ သူ့ပတ်ဝန်းကျင်အကြောင်းကို မသိသေးတဲ့ အရွယ်ပေါ့၊ အန္တရာယ်ကို လုံးလုံး မသိသေးတဲ့ အရွယ်ပေါ့ ရောင်းရူက ပြောသည်။ သူမက သိုးလေးကို ချစ်စဖွယ်ဟု မြင်မိသည်။

မွေးခါစ သိုးလေးမှာ ဒီလောက် ထူထဲတဲ့ အမွှေးတွေ ရှိနေတာကို မြင်ဖူးလို့လား ‌ကျောက်ချူက မေးခွန်းထုတ်သည်။ ရောင်းရူက မဖြေနိုင်ပေ။

သိုးလေးက ကျောက်ချူပြောတာကို မကြားသလိုဖြင့် မြက်များကို ဝါး, ဝါး, ဝါးစားနေသည်။ သူ့ခေါင်းလေးက တစ်ချက်လေးပင် မော့မလာပေ။

ဂျန်ဝုရှီက သိုးလေး စားကျက်ကျယ်အောင် ခြေထောက်ရွှေ့ပေးသည်။ သို့သော် သူမ ခြေနှစ်လှမ်း နောက်ဆုတ်လိုက်သည်နှင့် သိုးလေးက သူမနောက်သို့သာ လိုက်လာ၍ မြက်စားလေ၏။ သူ၏ သေးငယ်သော ခွာများက မြေကြီးပေါ်တွင် တတက်တက် အသံထွက်လာသည်။

ဂျန်ဝုရှီက သူမခြေလှမ်းကို ရပ်လိုက်သည်။ သိုးငယ်လေးလည်း ရပ်သွားသည်။ ထို့နောက် သူက ခေါင်းငုံ့၍ ဆက်လက် မြက်စားလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now