၈၆၁။ အကြောင်းမဲ့ နှိပ်စက်ခြင်း (၄)

253 23 0
                                    

၈၆၁။ အကြောင်းမဲ့ နှိပ်စက်ခြင်း (၄)

၎င်းထောင်မှူးက နံရံနှင့် အပြင်းအထန် ဆောင့်မိပြီး တစ်ချက်သာ အော်လိုက်နိုင်သည်။ ထို့နောက် ခေါင်းမူးနောက်သွားကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ၍ သေမလိုလို ဖြစ်သွားလေ၏။

ဂါး အနက်ရောင်သားရဲကြီးက ဂျန်ဝုရှီနှင့် နောက်ထောင်မှူးတစ်ယောက်၏ ကြားမှာ ရပ်လိုက်သည်။ ကြာပွတ်ကို သူ့မေးရိုးကြီးဖြင့် ကိုက်ထားဆဲ ဖြစ်သည်။

ကျန်နေသည့် ထောင်မှူးက အနက်ရောင်သားရဲကြီးကို ကြည့်ပြီး ကြောက်လန့်ကာ အားအင်မှန်သမျှ ပျောက်ရှသွားပြီး ခြေမခိုင်ဘဲ ဒုန်းခနဲ ဖင်ထိုင်လဲကျသွားသည်။

ငါ ပြောပြီးပြီလေ၊ မင်းတို့ နောင်တရသွားကြလိမ့်မယ်လို့ ချပ်ခနဲ အသံနှစ်ချက် ထွက်လာပြီး သတ္တုပြားများ လက်ထပ်ခြေထိပ်များ အကုန် မြေကြီးပေါ်သို့ တချွင်ချွင် ပြုတ်ကျသွားလေ၏။ အကျဉ်းခန်းကြမ်းပြင်ပေါ်တွင် ဖင်ထိုင် လဲကျနေသော ထောင်မှူးကို သူမက အသာအယာ လှည့်ကြည့်လိုက်သည်။ တခြားထောင်မှူးက ကြမ်းပြင်နှင့် မျက်နှာ မိတ်ဆက်နေပြီး သေမလိုလို ဖြစ်သွားရလေပြီ။

အား...... ထိုထောင်မှူးက အော်ဟစ်ရန် ပါးစပ်ဟလိုက်လျှင် ဂျန်ဝုရှီက ကြားဖြတ် ပြောလိုက်သည် မင်း နောက်ထပ် ပါးစပ်ဟရဲရင်, ကြောင်လေးကို မင်းလည်ချောင်း ဆွဲဖြဲခိုင်းလိုက်မယ်။

အနက်ရောင်သားရဲကြီးက အစွယ်များကို ဖြဲပြလိုက်သည်။ မှိန်ပျပျ ဖယောင်းတိုင်မီးအောက်တွင် အစွယ်များက တလက်လက် ဖြစ်နေသဖြင့် အရိုးထိ အေးစိမ့်စိမ့် ဖြစ်သွားသည်။

ထောင်မှူးက ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျလုလု ဖြစ်သွားသည်။ သူက တခြား ဘာမျှ လုပ်နိုင်စွမ်း မရှိတော့ဘဲ ထောင့်စွန်းသို့ တိုးကပ်သွားကာ ကြောက်လန့် တုန်ရီလို့ နေလေ၏။ သူက ကြောက်လန့်တုန်ယင်နေသော မျက်လုံးများဖြင့် ဂျန်ဝုရှီကို စိုက်ကြည့်နေသည်။ ထောင်မှူးနှစ်ယောက်က အရမ်း ဘဝင်မြင့်ခဲ့သည်။ သူတို့ အသစ်လဲထားသော လက်ထပ်ခြေထိပ်များကို ဂျန်ဝုရှီ မချိုးဖျက်နိုင်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now