၉၁၄။ ရှုပ်ထွေးသော အကွက်ချ ကြံစည်မှု(၅)

232 20 0
                                    

၉၁၄။ ရှုပ်ထွေးသော အကွက်ချ ကြံစည်မှု(၅)

ကျုပ်ရဲ့ ညီငယ်လေး ဂျန်ကို တရားခံပြေးလို့ ကြေညာပြီး နန်းစောင့်တပ်က လိုက်ဖမ်းနေတယ်။

ဘယ်လိုရှုံးဘ ချက်ချင်း မျက်လုံး ပြူးကျယ်သွားသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သခင်လေးဂျန်က ညတုန်းကမှ ငါတို့နဲ့ အတူတူ နိုင်ငံတော်အဆင့် ညစာစားပွဲကို တက်ရောက်ခဲ့သေးတယ်၊ ကနေ့ကျတော့ သူက.... ချူလင်းယွဲ့က အံ့အားသင့်စွာ ပြောလိုက်သည်။ သူက အံဩလွန်းသဖြင့် တုန်လှုပ်သွားပြီး သူမပါးစပ်လေးကိုပင် လက်ဖြင့် ပိတ်မိသွားလေ၏။

လေ့ချန်က ဆက်ပြောသည် ဒီကိစ္စက လင်းယွဲ့ရဲ့ အဖြစ်အပျက်နဲ့လည်း သက်ဆိုင်နေတယ်၊ သခင်မလေးဂျန်က ဂျန်ရှီ ဖိတ်ခေါ်လို့ လာတယ်ဆိုတဲ့ အကြောင်းကို ခမည်းတော်က ဘယ်ကနေ ကြားလိုက်သလဲ ကျုပ်လည်း မသိဘူး၊ လင်းယွဲ့ရဲ့ ဒဏ်ရာကို ပြန်ကုစားပြီးသွားတော့ ခမည်းတော်ရဲ့ အကြံအစည်က ပျက်စီးသွားရတယ်၊ သူ့လိုအင်ဆန္ဒကို အဆုံးသတ်လုပ်ဖို့ လင်းယွဲ့ကို အသုံးမချနိုင်တော့ဘူး၊ သူက ဒေါသထွက်ပေါက်ရှာချင်လို့ စတုတ္ထမင်းသားလေးကို ဒဏ်ရာရစေတယ်ဆိုတဲ့ မဟုတ်မမှန် အကြောင်းပြချက်နဲ့ ဂျန်ရှီကို ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါပေမဲ့ ညတုန်းက မိဖုရားကြီးရဲ့ နန်းဆောင်ကို ကျုပ် သွားခဲ့တယ်၊ စတုတ္ထမင်းသားက အကောင်းအတိုင်းပဲ၊ ခမည်းတော်ရဲ့ လုပ်ဆောင်ချက်က မဟုတ်မှန်တဲ့ အကြောင်းပြချက်နဲ့ ဂျန်ရှီကို အသေသတ်ဖို့ပဲ။

လေ့ချန်၏ စကားများကြောင့် ရှုံးဘနှင့် ချူလင်းယွဲ့က လုံးလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ ချူလင်းယွဲ့၏ ဒဏ်ရာရခဲ့ခြင်းက ယုတ္တိကင်းမဲ့ကြောင်း ရှုံးဘ တွေ့ရှိပြီးတာ အမှန်ပင် ဖြစ်သည်။ သမားတော်များကို စစ်ဆေးမေးမြန်ခါနီးမှာ နန်းတွင်းသမားတော်ကြီး လီက လျှို့ဝှက်သိုသိပ်စွာ အသတ်ခံလိုက်ရသည်။ ၎င်းမှုခင်းကို တရားရုံးကလည်း အရေးတယူ မရှိပေ။ တကယ် ဘာဖြစ်သွားသလဲဆိုတာကို ရှုံးဘတို့ အုပ်စုက ခန့်မှန်းပြီးသား ဖြစ်သည်။

သခင်လေးဂျန်က ငါ့ကြောင့် ဒီပြဿနာထဲ ပါဝင်ပတ်သက်သွားရတာ စိုးရိမ်ပူပန်ပြီး တောင်းပန်လိုသော အမူအရာက ချူလင်းယွဲ့၏ မျက်နှာမှာ ချက်ချင်း ပေါ်ထွက်လာသည်။ သူမ ဒဏ်ရာရခဲ့ချိန်က ဘုမသိဘမသိ သားကောင်ဖြစ်ခဲ့ရသည်။ သူမက ဂျန်ရှီကို ပြဿနာထဲ ဆွဲခေါ်မိခဲ့သည်။ အခုတဖန်, ထိုစဉ်တုန်းက ဂျန်ရှီက သူမကို ကယ်တင်လိုခဲ့သဖြင့် နောက်တစ်ကြိမ် ပြဿနာထဲ ပါဝင်သွားရပြန်သည်။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя