၄၄၈။ "အားအနည်းဆုံးအဖွဲ့လော, အားအကောင်းဆုံး အဖွဲ့လော-၁"

528 53 0
                                    

၄၄၈။ အားအနည်းဆုံးအဖွဲ့လော, အားအကောင်းဆုံး အဖွဲ့လော-၁

ဂျန်ဝုရှီက သူမအား အပြုံးဖြင့် အားပေးဖို့ ကြိုးစားနေသော ဖန်ဂျင်ကို ကြည့်သည်။ ထို့နောက် သူမက ရုတ်တရက် ရည်ရွယ်ချက်ရှိရှိဖြင့် အဝေးသို့ လှည့်ထွက်သွားသည်။

ဖန်ဂျင်က သူမအား တစ်ယောက်တည်း လှည့်လည်သွားလာဖို့ ခွင့်မပြုနိုင်ပေ။ အားလုံးက သူမအား မလိုမုန်းတီးစွာ ကြည့်နေကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမနောက်သို့ အမှီ ပြေးလိုက်သွားသည်။

နင်ရှင်းနှင့် ယင်ယန်က လူအုပ်ကြားထဲမှာ ပုန်းလျှိုးနေရင်း ဖန်ဂျင်နှင့် ဂျန်ရှီကို လေ့လာစူးစမ်းနေကြသည်။ ဝုရှီတို့ နှစ်ယောက်သား လူများ၏ ရှောင်ဖယ်မှုကို ခံရသဖြင့် ထွက်ခွာသွားတာကို သူတို့ မြင်ရလျှင် အပြုံးများ ဝေဆာသွားကြသည်။

သူတို့ ဘယ်သွားနေကြတာလဲ ဂျန်ရှီက ရုတ်တရက် ကျောင်းသားအုပ်ကြီး ရှိရာသို့ လှည့်ထွက်သွားတာကို နင်ရှင်း တွေ့မြင်လိုက်သည်။

သူတို့က ဌာနခွဲက အမှိုက်တွေ။ ယင်ယန်က အထင်သေးဟန်ဖြင့် ပြောသည်။

မဟာဌာနမှ ကျောင်းသားများနည်းတူ ဌာနခွဲမှ ကျောင်းသားများလည်း လိပ်ပြာသားရဲအမဲလိုက်ပွဲသို့ ပါဝင်ကြသည်။ သို့သော် ဌာနခွဲမှ ကျောင်းသားများက မဟာဌာနမှ ကျောင်းသားများနှင့် လုံးလုံး ဆန့်ကျင်ဘက် ဖြစ်နေကြသည်။ သူတို့ ညှိုးငယ် ထိုင်းမှိုင်းနေကြသည်။

သူတို့၏ လက်စွပ်ဝိညာဉ်များ, ဝိညာဉ်စွမ်းအားများက မဟာဌာနမှ ကျောင်းသားများနှင့် မည်သို့မျှ နှိုင်းယှဉ်လို့ မရကြချေ။ သူတို့က အန္တရာယ်ပေါများသော လိပ်ပြာသားရဲတောအုပ်သို့ ဝင်ရောက်ရန် အဆုံးမရှိ ကြောက်ရွံ့တုန်လှုပ်နေကြသည်။

ဌာနခွဲမှ ကျောင်းသားများက သူတို့၏ အတွေးများဖြင့် နစ်မြုပ်နေကြစဉ် ရုတ်တရက် မဟာဌာနမှ ပုံရိပ်နှစ်ခုက သူတို့ထံ လာရောက်နေသည်ကို တွေ့မြင်ကြလျှင် သူတို့က မယုံကြည်နိုင်သော မျက်လုံးများဖြင့် ပြူးပြဲကြည့်ကြ၏။

မဟာဌာနမှ ကျောင်းသားများက ဌာနခွဲမှ ကျောင်းသားများကို အမြဲတမ်း အထင်သေးကြပြီး ကပ်ဆိုးတစ်ခုလို အမြဲတမ်း သူတို့ကို ရှောင်ဖယ်တတ်ကြသည်။ ကြည့်ပင် မကြည့်ကြပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now