၇၁၀။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၉)

377 36 0
                                    

၇၁၀။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၉)

ကျုပ် သူတို့ကို ဆန့်ကျင်ရမှ ဖြစ်မယ်ဆိုရင်ရော ဂျန်ဝုရှီက ဝမ်ရှင်းဟန်ကို ကြည့်လိုက်သည်။ သူမ မျက်နှာက အလွန်အမင်း တည်ကြည်လေးနက်နေသည်။

ဝမ်ရှင်းဟန်က ခဏလောက် အံ့အားသင့်သွားပြီး ဆုံးဖြတ်ချက် ပြတ်သားစွာ ပြန်ပြောသည် ငါ့စကားကို ပြန် မရုတ်သိမ်းဘူး။

ဝမ်ရှင်းဟန်၏ ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာကို တွေ့မြင်ရသဖြင့် ဂျန်ဝုရှီက အသာအယာ ခေါင်းညိတ်လိုက်သည်။

ကျုပ် ခင်ဗျားကို ဂုယင်နဲ့ ရင်ဆိုင်ခိုင်းမှာ မဟုတ်ဘူး၊ ဒီအတောအတွင်း ဖန်ဂျင်ကို စောင့်ရှောက်ပေးဖို့ပဲ လိုတယ်၊ သူ အသက်ရှင်သန်ဖို့ သေချာအောင် လုပ်ပေးပါ၊ ဒါဆို ကျုပ်ကို ပေးထားတဲ့ ခင်ဗျား ကတိကို ဖြည့်ဆည်းပေးပြီးသွားလိမ့်မယ် ဝမ်ရှင်းဟန်က သူ့အသက်ကို အသုံးပြုပေးမည်ဟု ပြောဆိုချိန်မှာ ဂျန်ဝုရှီက သူ့အသက်ဖြင့် ဖန်ဂျင်ကို ကာကွယ်ပေးဖို့သာ ပြောခဲ့သည်။

ဝမ်ရှင်းဟန်က အံ့အားသင့်သော မျက်နှာဖြင့် ပြောသည် ငါ့သခင်မလေး ဒီကိစ္စကို ပြောဖို့တောင် မလိုပါဘူး၊ ဖန်ဂျင်က ငါ့မိတ်ဆွေဟောင်းရဲ့ သားဖြစ်တယ်၊ ငါ့သခင်မလေး မပြောရင်တောင် ဖန်ဂျင်ကို ကာကွယ်ပေးအုံးမှာပါ။

ဂျန်ဝုရှီက ခေါင်းယမ်းလိုက်သည်။

ကျုပ် လိုချင်တာက သူ့ကို ထောင်ဖောက်ပြီး ခေါ်သွားပေးဖို့, မဆိုင်းမတွပေါ့။

ဖန်ဂျင်ကို ဒီနေရာမှာ လုံခြုံအောင် ကာကွယ်စောင့်ရှောက် ပေးထားနိုင်ရင်တောင်, သူက ဖော်ပြလို့ မရနိုင်သော ညှင်းပန်းနှိပ်စက်ခြင်းကို ခံနေရအုံးမည်သာ။ အခု သူမ ပြန်လာပြီဆိုတော့, သူမ ဘာမှ မလုပ်ဘဲ ဒီအတိုင်း ထိုင်မနေနိုင်တော့ပေ။

ဝမ်ရှင်းဟန် ခဏလောက် တုံ့ဆိုင်းသွားသည်။

မင်း သေချာရဲ့လား။

ဂျန်ဝုရှီက ခိုင်မာလေးနက်စွာ ခေါင်းညိတ်ပြသည်။

ဝမ်ရှင်းဟန်က ခဏလောက် စဉ်းစားသုံးသပ်ပြီး‌နောက် ပြောသည် ကောင်းပြီလေ, ငါ ကနေ့ သူ့ကို ဒီနေရာကနေ ခေါ်ထုတ်ပေးသွား လိုက်မယ်၊ ဒါပေမဲ့ မင်း သိဖို့ လိုတာ ရှိတယ်, သူ ကနေ့ ရှောင်ထွက်သွားနိုင်ရင်တောင်, သူ့အဖေကို သတ်တယ်ဆိုတဲ့ အပြစ်တာဝန်ကြီးက ပိနေအုံးမှာပဲ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now