၃၉၀။ "စာရင်းသွင်းခြင်း - ၆"

646 48 0
                                    

၃၉၀။ စာရင်းသွင်းခြင်း - ၆

ငါ သူ့ကို ကုသပေးမယ်။ ဂျန်ဝုရှီက ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောသည်။ သူတို့ ဖီးနစ်ကျောင်းတော်မှာ ရှိစဉ်, ကုသဖို့ နည်းလမ်းကို သူမ ရှာမတွေ့နိုင်ခဲ့ဘဲ ကောင်းကင်ဘုံစမ်းရေကိုသာ မှီခိုအားထားခဲ့ရသည်။ သို့သော် သူမ အခု ဂူလီရှန်၏ ဝိညာဉ်ကုသခြင်းနည်းစနစ်ကို ကိုယ်တိုင် တွေ့ကြုံခဲ့ရသဖြင့် ၎င်းနည်းစနစ်ကို သင်ယူဖို့ ဆုံးဖြတ်ထားသည်။

ကြောင်နက်လေးက ဂျန်ဝုရှီ၏ လက်ကို သူ့ခန္ဓာကိုယ်ဖြင့် ပွတ်သီးပွတ်သပ် လုပ်နေသည်။

==================

လေညင်းကျောင်းတော်သို့ ဝင်ခွင့် စာရင်းသွင်းခြင်းကိစ္စက သုံးရက်အကြာမှာ ပြီးဆုံးသွားသည်။ မဟာဌာနသို့ လူငယ်ဆယ်ယောက်ကို ဝင်ခွင့်သတ်မှတ်ပြီး ကျန်လူငယ်များကို ဌာနခွဲသို့ ဝင်ခွင့် သတ်မှတ်လိုက်သည်။

ဂျန်ဝုရှီက တခြားလူငယ်ဆယ်ယောက်နှင့် အတူ မဟာဌာနသို့ ဝင်ရောက်သွားသည်။ သို့သော် သူတို့ အထဲသို့ လှမ်းဝင်ကတည်းက သူမက ဝိုင်းအဖယ်ခံရပြီး အုပ်စု၏ နောက်ဆုံးသို့ တွန်းပို့ ခံလိုက်ရသည်။

သည်အဖြစ်အပျက်က ဂူလီရှန်ထံမှ ဦးစားပေးဆက်ဆံမှုကို ဂျန်ဝုရှီ လက်ခံရရှိချိန်မှာ လူငယ်များကြားတွင် ပျံ့နှံ့သွားခဲ့သည်။ မဟာဌာနသို့ ဝင်ခွင့်ရရှိသူများက မြင့်မားသည့် အရည်အချင်းရှိသူများ ဖြစ်ကြသည်။ သူတို့က အခြားသူများထက် ပိုမိုဂုဏ်ယူရသူများဖြစ်ကြောင်း မလွဲမသွေ ပြသထားသူများ ဖြစ်ကြသည်။ သူတို့ လေညင်းကျောင်းတော်သို့ လာခဲ့ချိန်မှာ ဝိညာဉ်ကုသရေးဌာနသို့ ဝင်ရောက်ခွင့်ရရန် ရည်မှန်းချက် ထားခဲ့ကြသည်။ သို့သော် မထင်မရှား ကောင်လေးက ထိုနေရာကို သူတို့ထံမှ လုယူသွားခဲ့လေပြီ။ ထိုကိစ္စက သူတို့အတွက် အနည်းငယ် ခါးသီးသော ခံစားချက် ဖြစ်လာသည်။

တပည့်သစ်များကို လေညင်းကျောင်းတော်သို့ ဦးဆောင်ခေါ်သွားသော လူငယ်က ၁၈နှစ် ၁၉နှစ် အရွယ်မျှသာ ဖြစ်သည်။ သူက ကြယ်သုံးလုံး ထွင်းထားသည့် ကျောက်စိမ်းတံဆိပ်ကို ဆွဲထားသည်။ ထိုလူငယ်က စကားတစ်ခွန်းမျှပင် မပြောချေ။ တပည့်အသစ်တစ်ယောက်က ရှေ့တက်လာပြီး စကားအနည်းငယ် ပြောသော်လည်း, ထိုလူငယ်က အေးစက်စက်သာ ကြည့်နေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now