၉၁၀။ ရှုပ်ထွေးသော အကွက်ချကြံစည်မှု(၁)

212 17 1
                                    

၉၁၀။ ရှုပ်ထွေးသော အကွက်ချကြံစည်မှု(၁)

သူတို့ အလိုရှိသလို စောင့်ကြပ်နေပါစေ၊ ညီငယ်လေး ဂျန်က သူတို့ ရည်ရွယ်ချက်ကို ဘယ်လိုလုပ် မသိဘဲ နေမှာပဲ၊ သူ ဒီကို လာမှာကို မဟုတ်ဘူး လေ့ချန်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ ဂျန်ရှီ၏ မြင့်မားသော ဉာဏ်ရည်ကို သူက နှစ်နှစ်ကာကာ ယုံကြည်ထားသည်။

အရှင့်သားက ကျုပ်အပေါ် ဒီလောက် ယုံကြည်ချက် ပြင်းထန်နေတာကို မြင်ရတော့, ဒီတစ်ကြိမ် အရှင့်သားကို စိတ်ပျက်စေရတော့မှာပဲလို့ ကျုပ် ထင်တယ်။

ရုတ်တရက် အလွန် ရင်းနှီးကျွမ်းဝင်သော လေသံက သူ့နောက်ဘက်မှ ထွက်ပေါ်လာသည်။

လေ့ချန်က အံ့အားသင့်စွာ နောက်လှည့် ကြည့်လိုက်သည်။ ဇဝေဇဝါလည်း ဖြစ်သွားသည်။ ခန်းမကြီးနောက်ဘက်မှ လမ်းလျှောက်ထွက်လာသော ဂျန်ရှီကို သူ ရုတ်တရက် တွေ့လိုက်သည်။ သူ့လက်ထဲမှာ အစေခံဝတ်စုံကို ကိုင်ထားဆဲ ဖြစ်သည်။

မပြောမဆိုနဲ့ ဝတ်စုံကို ငှားရမ်း ဝတ်ဆင်မိလို့, ကျုပ် တောင်းပန်ပါတယ် ဂျန်ဝုရှီက လေ့ချန်ရှေ့သို့ လျှောက်လှမ်းလာရင်း တည်ငြိမ်စွာ ပြောသည်။ သူမက လက်ထဲရှိ ဝတ်စုံကို အံ့အားသင့်မှင်တက်နေသော အစောင့်လက်ထဲ ပစ်ထည့်ပေးလိုက်သည်။

အစောင့်က မျက်လုံးပြူးလျက် မျက်တောင်မခတ်ဘဲ ဂျန်ရှီကို ကြည့်နေသည်။ ဂျန်ရှီ သူတို့ထံ ချည်းကပ်လာတာကို မခံစားမိသဖြင့် သူ ယုံကြည်ဖို့ အတော်လေး ခက်ခဲနေမိသည်။

မင်း.... လေ့ချန်က ဂျန်ရှီကို အလွန်ခေါင်းရှုပ်နေလျက် ကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ မရင်းနှီးမကျွမ်းဝင်သော ခါးကုန်းအဖိုးကြီး၏ မျက်နှာသွင်ပြင်က ဖျတ်ခနဲ ဝင်ရောက်လာသည်။ အစောနက အဖိုးကြီးက မင်း ရုပ်ဖျက်ထားတာလား။

ဂျန်ဝုရှီက ခေါင်းညိတ်လိုက်သည်။ ယွမ်ပြောင်က ဂရုစိုက်တတ်တဲ့လူ၊ အတော်လေးလည်း စေ့စေ့စပ်စပ် နိုင်တယ်၊ ကျုပ်နဲ့ အသက်အရွယ် တူတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးတွေကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုသွားတယ်။

ထို့နောက် လေ့ချန်က ပြောလိုက်သည် ဒါပေမဲ့ မင်းကို ခါးကုန်းအဖိုးကြီးလို ရုပ်ဖျက်ထားလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး၊ မင်း ငါ့ကိုတောင် အရူးလုပ်သွားသေးတယ် ထိုသို့ ပြောပြီးနောက် လေ့ချန်က တံခါး အပြင်ဘက်သို့ ချက်ချင်း ကြည့်၍ အစောင့်ကို အပြင်ဘက်မှာ ရပ်စောင့်နေရန် လျင်မြန်စွာ အမိန့်ပေးလိုက်သည် မင်းတို့ အပြင်ထွက်ပြီး စောင့်ကြပ်နေကြစမ်း၊ နန်းဆောင်ထဲ နန်းစောင့်တပ်သားတွေ ခိုးမကြည့်စေနဲ့။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora