၃၇၀။ "ထပ်လိုသေးလား - ၂"

744 54 0
                                    

၃၇၀။ ထပ်လိုသေးလား - ၂

ယန်ဘူဂွေ့၏ မျက်လုံးများက သူ့ခေါင်းမှ ပြုတ်ထွက်သွားမတတ်ဖြစ်သွားသည်။ ဂျန်ဝုရှီက ထိုငွေပမာဏကို သူ့လက်ထဲ ထိုးထည့်ပေးသဖြင့် စကားဖြင့် ဖော်ပြလို့မရအောင် သူ တုန်လှုပ်သွားရသည်။ သူ့မျက်လုံးများ ငွေစက္ကူများပေါ်သို့ ရောက်ရှိသွားပြီး ငွေပမာဏကို စိတ်ဖြင့် ရေတွက်နေမိသည်။ အနည်းဆုံး သူ့လက်ထဲတွင် ငွေတစ်သန်းလောက် ရှိနေသည်။

ဂျန်ဝုရှီက မီးကျီးခဲလို သဘောထားပြီး ငွေစက္ကူများကို သူ့လက်ထဲ ထိုးထည့်ပေးနေသဖြင့်, ယန်ဘူဂွေ့က ခပ်မြန်မြန်ပင် ဂျန်ဝုရှီထံ ပြန်တွန်းပေးလိုက်သည်။

ကောင်ငယ်လေးက တကယ်ပင် ငွေပမာဏများစွာ သူနှင့် အတူ ယူဆောင်ထားသလော။

ထောင်ထောင်မောင်းမောင်း ယန်ဘူဂွေ့က ဂျန်ဝုရှီရှေ့တွင် သေးငယ်သွားသလို ခံစားသွားရသည်။

ဂျန်ဝုရှီက ငွေစက္ကူများကို သူ့အင်္ကျီလက်မောင်းအိတ်ထဲ ပြန်ထည့်လိုက်သည်။ ယန်ဘူဂွေ့၏ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းက ပြိုလဲသွားပြီး နှလုံးသား ရှုပ်ထွေးသွားတာကို သူမက သတိမပြုမိပေ။

သူတို့ အရှေ့ဖက် ဝင်းသို့ ပြန်ရောက်လျှင်, ကျောက်ချူတို့ အုပ်စုက စိုးရိမ်တကြီးဖြင့် ခြံဝင်းထဲတွင် စောင့်နေကြသည်။ သူတို့အားလုံး ဂျန်ရှီနှင့် ယန်ဘူဂွေ့ မြန်မြန်ဆန်ဆန် ပြန်ရောက်လာတာကို တွေ့ရလျှင်, ဂိတ်တံခါးအထိ အပြေးအလွှား သွားကြသည်။

ဘယ်လိုဖြစ်သွားလဲ, ကျောင်းအုပ်ကြီးက ဘာပြောလဲ ကျောက်ချူက စိုးရိမ်တကြီး မေးသည်။

ယန်ဘူဂွေ့က သက်ပြင်းလေးလေးကြီး ချလိုက်သည်။ သူ့မျက်နှာက ညှိုးမှိုင်းသွားသည်။ သူ့တပည့်လေးယောက်၏ စိတ်နှလုံးများ အောက်ဆုံးအထိ လေးလံကျဆင်းသွားကြသည်။

နောင်ကျရင်........

ကျောက်ချူနှင့် တခြားသုံးယောက်က လေးသံလေးလေးကြီး ဖြစ်နေသည့် ယန်ဘူဂွေ့ကို ကြည့်လိုက်ကြသည်။ သူ့ကို ကြည့်နေရင်း သူတို့မျက်လုံးများက မျက်ရည်များ စို့တက်လာကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now