၂၄၅။ "အနေခက်သော - ၁"

1.1K 102 0
                                    

၂၄၅။ “အနေခက်သော - ၁”

အစောပိုင်းတုန်းမှာ ဂျန်ဝုရှီဦးဆောင်လာသည့် အုပ်စုက ညီလာခံခန်းမထဲ တွန်းတိုက်ဝင်သွားတာကို သူတို့ တွေ့ကြသည်။ ထို့နောက် ချင်းယန်ကလန်ကိုယ်စားလှယ်များကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်နေတာကိုလည်း တွေ့ကြသည်။ အရာရှိများမှာ ဂျန်ဝုရှီကို အံ့ဩလွန်း၍ ပါးစပ်ဟောင်းလောင်းဖြင့် အားလုံး ရပ်ကြည့်နေကြသည်။

ဂျန်ဝုရှီက လင်းအိမ်တော်သို့ အပြန် ခန်းမကြီးတံခါးကို ဖြတ်လျှောက်လာစဉ်, တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသည့် အဖိုးကြီးက သူမရှေ့သို့ လှမ်းထွက်လာပြီး ဂျန်ဝုရှီကို လေးလေးနက်နက် စူးစိုက်ကြည့်လိုက်သည်။

ဂျန်ဝုရှီက မျက်မှောင်ကြုတ်သွားပြီး ရှေ့ဆက်မသွားဘဲ ရပ်လိုက်သည်။ သည်အဖိုးကြီးကို သူမ မှတ်မိသည်။ မိုချင်းယွမ်နှင့် ဆွေမျိုးတော်ပြီး ချီတိုင်းပြည်၏ ဘုရင်သုံးဆက်တိုင် ခစားခဲ့သူ ဖြစ်သည်။ သူက သာမန်အရည်အချင်းသာ ရှိသည်။ အသည်းအသန်လည်း မကြိုးစားသလို ပြိုင်ဆိုင်လိုစိတ်လည်း မရှိပေ။ ပုံမှန်အားဖြင့် ရိုးသားဖြောင့်မတ်သူ ဖြစ်သည်။

ထို့ကြောင့်ပင် သူက ဘုရင်သုံးဆက်တိုင် အမူထမ်းခဲ့သော်လည်း အဆင့်မြင့်ရာထူး မရရှိခြင်းဖြစ်သည်။ မိုချင်းယွမ်က သူ၏ အမူထမ်းသက်တမ်းကြောင့် အရေးမပါသော သက်သောင့်သက်သာလုပ်ဆောင်ရသည့် စီမံခန့်ခွဲရေး အရာရှိအဖြစ် ရာထူးခန့်ထားခဲ့သည်။

သည်အဖိုးကြီးမှာ ကြီးမားသည့် စွမ်းဆောင်ရည် မရှိပေ။ သို့သော် နန်းတွင်းမှာ သက်တမ်းအရှည်ဆုံး ဖြစ်သည်မို့ နန်းတွင်းအရာရှိများက အနည်းငယ် လေးစားသမှု ရှိကြသည်။ သူက စကားကို တဲ့တိုး ပြောတတ်သည်။ သူ့စကားများက တစ်ခါတရံ မိုချင်းယွမ်ကိုပင် အနေရခက်စေသည်။

သည်အဖိုးကြီးက လောလောဆယ် ဂျန်ဝုရှီရှေ့သို့ ရောက်ရှိလာသည်။ အခုအချိန်မှာ သူမက အလွန်ပင်ပန်းနေပြီမို့ သူ၏ တကျည်ကျည် ပြောဆိုမည့် စကားများကို နားထောင်မပေးနိုင်တော့ပေ။

ပါရမီရှင်သမားတော်(၂)Tahanan ng mga kuwento. Tumuklas ngayon