၆၁၃။ နောက်ဆုံးတော့ ငါ့ကို သတိရပြီပေါ့-၁

543 57 0
                                    

၆၁၃။ နောက်ဆုံးတော့ ငါ့ကို သတိရပြီပေါ့-၁

ဘိုင်ယန်ရှင်းအန်နှင့် ယင်ယန်လို ကြောက်တတ်သော လူစားမျိုးကို လုံလောက်သော ဖိအားပေးဖို့သာ လိုအပ်သည်။ သို့မှသာ သူတို့က ကျိုးနွံလာပြီး အလိုကျ ဆောင်ရွက်ပေးလာကြလိမ့်မည်။ သူတို့ကို စောင့်ကြည့်နိုင်သမျှ ပြဿနာမွှေကြမည် မဟုတ်ပေ။

သို့သော် ချင်ယုယန်နှင့် နင်ရှင်းလို လူစားမျိုးက အသက်ရှင်သန်ခွင့် ပေးသင့်သော လူစားမျိုး မဟုတ်ကြချေ။ သူတို့ကို အချိန်တစ်ခုအထိ ဖိနှိပ်ထားနိုင်သော်လည်း သူတို့က အကြပ်အတည်းမှ ထွက်မြောက်နိုင်အောင် မူလအားဖြင့် အကွက်ချစီမံတတ်သော လူစားမျိုးများ ဖြစ်ကြသည်။

ဝိညာဉ်ကုစားခြင်း နည်းစနစ်က အသုံးဝင်တယ်၊ ဘယ်လို အသုံးချရမလဲ ဆိုတာ ဦးလေး သိလိမ့်မယ်။ ဂျန်ဝုရှီက ပြောပြီးသည်နှင့် ပုလင်းနှစ်လုံး ထုတ်ယူ၍ လောင်ချီအား လွှဲပေးသည်။

တစ်ခုက အဆိပ်, တစ်ခုက ဖြေဆေး၊ မုန်ချန်ကို ဒါတွေ လွှဲပေးလိုက်၊ ဘိုင်ယန်ရှင်းအန်နဲ့ ယင်ယန်ကို ထိန်းချုပ်ဖို့၊ မုချန် ဒီဆေးတွေကို ထုတ်လုပ်နိုင်လိမ့်မယ်။

သူမ ချီတိုင်းပြည်မှ ထွက်ခွာလာချိန်တုန်းက, ဘိုင်ယန်ရှင်းအန်အတွက် နှစ်ဝက်စာ ဖြေဆေး ပေးထားခဲ့သည်။ နှစ်စက်က နီးကပ်လာပြီ။ အဆိပ်ဖြေဆေးသာ မရလျှင်, ဘိုင်ယန်ရှင်းအန် သေဆုံးသွားလိမ့်မည်။ သူမထုတ်လုပ်ထားသော ဆေးနှင့် အဆိပ်ကို တခြားလူများ လိုက်လံ ထုတ်လုပ်ဖို့ မစွမ်းဆောင်နိုင်ကြချေ။ သို့သော် မုချန်ကတော့ လိုက်လံ တုပပြီး ထုတ်လုပ်ပေးနိုင်လိမ့်မည်။

လောင်ချီက ၎င်းပုလင်းများကို လက်ခံ၍ သေချာကိုင်ထားသည်။ ဂျန်ဝုရှီက သူမ တွက်ချက်မှုအတွင်း ကိစ္စတစ်ခုတလေကိုပင် မချွတ်ချော်စေပေ။ သူမက အလွန်အမင်း စေ့စပ်သေချာသူ ဖြစ်သည်။ သူမအမိန့်ကို ညွှန်ကြားချက်အနေဖြင့် လုပ်ဆောင်ဖို့သာ လိုအပ်ကြောင်း သူ သိသည်။

မြို့စားကြီးနဲ့ အရှင့်သားတို့က သခင်မလေးကို အမှာစကားပါးလိုက်ပါတယ် လောင်ချီက ခဏရပ်ပြီးမှ ပြောသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora