၈၀၆။ ရန်တိုင်းပြည်၏ အိမ်ရှေ့စံ (၃)

343 32 0
                                    

၈၀၆။ ရန်တိုင်းပြည်၏ အိမ်ရှေ့စံ (၃)

ဒါကို သောက်လိုက်, ပြီးတော့ ကိုယ့်ကိုယ်ကို အပြစ်မတင်တော့နဲ့ ဂျန်ဝုရှီက အနည်းငယ် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

လေ့ချန်က ဂျန်ဝုရှီ ထိုသို့ ပြောမည်လို့ မထင်မှတ်ထားသဖြင့် လန့်သွားသည်။ ထို့ပြင် သူ၏ မင်းသားဟူသော ရာထူးကိုလည်း သူမက လုံးလုံး လျစ်လျူရှူထားသည် မဟုတ်လော။ သို့သော် လေ့ချန်က ခဏလောက်သာ တုန်လှုပ်သွားပြီး ပြုံးလာကာ ဂျန်ဝုရှီ သူ့ထံ တွန်းပို့လာသော အရက်ခွက်ကို ကောက်ကိုင်၍ အလျင်အမြန် သောက်လိုက်သည်။ ထို့နောက် အရက်ခွက်ကို တစ်စက်မကျန် သောက်လိုက်ကြောင်း လှည့်ပြလိုက်သည်။

ညီလေးဂျန်ရဲ့ စကားအတိုင်း လိုက်နာပါ့မယ်၊ ငါ့ကို အရက်တစ်ခွက် အကုန်အစင် သောက်ခိုင်းတယ်ဆိုကတည်းက ညီငယ်လေးဂျန်က ငါ့ကို နောက်ထပ် အပြစ်မတင်တော့ဘူးလို့ ဆိုလိုတာပဲ မဟုတ်လား။

ဒါပေါ့ ဂျန်ဝုရှီက ပြောသည်။ သူမက မျက်နှာလွှဲလိုက်သည်။ သူမမျက်လုံးများမှာ ထူးဆန်းသော အရိပ်အယောင်များ ယှက်သန်းသွားသည်။

ဂျန်ဝုရှီ၏ စကားကို ကြားပြီးနောက် လေ့ချန်က နောက်ဆုံးတွင် စိတ်သက်သာလာပြီး သူ့စိတ်နေစိတ်ထားလည်း အလွန်တရာ တိုးတက်ကောင်းမွန်လာသည်။ သူက ဂျန်ဝုရှီတို့နှင့် အတူ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုလျက် တစ်ခွက်ပြီး တစ်ခွက် သောက်လေ၏။ သုံးကြိမ်သုံးခါ အလှည့်ပြီးသွားသည့်နောက် အချိန်များလည်း ကုန်ဆုံးလာကာ ညလည်း နက်လာလေ၏။ ‌လေ့ချန်က ခပ်ထွေထွေဖြစ်နေလေပြီ။

ဂျန်ဝုရှီတို့လည်း မူးယစ်ကုန်ပြီး တစ်ချို့က စားပွဲပေါ်မှာ မှောက်သွားကြလေပြီ။

လေ့ချန်က ယိမ်းတိယိုင်တိုင်ဖြင့် ထရပ်၍ မူးနောက်နောက် ဖြစ်နေသော သူ့ခေါင်းကို ရှင်းလင်းရန် ခေါင်းခါလိုက်သည်။

အစောင့်တွေ, ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေကို လိုက်ပါစောင့်ရှောက်ပြီး ပြန်ပို့လိုက်.... လေ့ချန်က ဂျန်ဝုရှီတို့ကို ထာဝရအမိုးခုံး တည်းခိုအိမ်သို့ ပြန်ပို့လိုသည်။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် စိတ်ပြောင်းပြီး ပြောလိုက်သည် သူတို့ အနားယူဖို့ အနောက်ဘက် အဆောင်မှာ ဧည့်ခန်းတွေကို ပြင်ဆင်ပေးလိုက်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora