၉၂၉။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ပထမပုံစံ(၅)
ရမက်ပြင်းပြစွာ အချင်းချင်း ဖက်တွယ်ထားသော လူနှစ်ယောက်ကို ကြည့်ရင်း ဘုရင်ကြီး၏ ရင်ဘတ်ထဲမှ စကားမပြောနိုင်လောက်အောင် ဒေါသပေါက်ကွဲသွားရသည်။
အရှင်မင်းကြီး.... အရှင်မင်းကြီး.....
မိဖုရားကြီးနှင့် အမတ်ချုပ်ကြီးက ရုတ်တရက် သတိပြန်ဝင်လာသည်။ သူတို့ တစ်ကိုယ်လုံး ပြောမပြတတ်အောင် အကြောက်တရား လွှမ်းမိုးသွားလေ၏။ သူတို့ ချက်ချင်းပင် လူခွဲလိုက်ကြသည်။ သူတို့က အဝတ်အစားများကိုပင် သေချာ ပြန်မဝတ်နိုင်ကြတော့ဘဲ တုန်တုန်ယင်ယင်ဖြင့် ဘုရင်ကြီးရှေ့မှာ ဒူးထောက်လိုက်ကြသည်။
အရှင်မင်းကြီး.... အရှင်မင်းကြီး.... အရှင့်ရဲ့ အမျိုးသမီးက.... အရှင့်ရဲ့ အမျိုးသမီးက အပြစ်ကင်းပါတယ်.... မိဖုရားကြီး၏ မျက်နှာက အစောပိုင်းတုန်းက ရမက်သွေးဖြင့် နီးမြန်းနေခဲ့သည်။ အခုတော့ ချက်ချင်း ပျောက်လွင့်သွားပြီး ကြောက်လန့်လွန်းသဖြင့် ဖြူဆွတ်သွားလေ၏။
တစ်ဖက်တွင် ဒူးထောက်ထားသော အမတ်ချုပ်ကြီးက တုန်ယင်ချောက်ချားလျက် နဖူးနှင့် ကြမ်းပြင်ကို အသေကပ်ထားလေ၏။ နည်းနည်းလေးပင် သူ မလှုပ်ရှားရဲချေ။
အကြမ်းရမ်းဆုံး အိပ်မက်ဆိုးထဲမှာပင် ဒီလို အခိုက်အတန့်မျိုးမှာ ဘုရင်ကြီး ပေါ်ထွက်လာသည်ဟူ၍ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်နေစဉ် ဒီလောက်တောင် တိုက်တိုက်ဆိုင်ဆိုင် ဘုရင်ကြီးက ပေါ်ထွက်လာရသလော။
အရှက်မဲ့တဲ့ ကလိမ်ကကျစ်တွေ, နင်တို့ နှစ်ယောက် ကလိမ်ကကျစ်တွေ, နောက်မီးလင်းတဲ့ ဟာတွေ, နင်တို့ နှစ်ကောင်ကို ငါ သတ်ပစ်မယ် ဘုရင်ကြီးက ဒေါသထွက်လွန်းအားကြီးသဖြင့် မျက်နှာက ခရမ်းရောင်ပင် ပေါက်လာသည်။ သူ့မျက်လုံးများက သွေးရောင်ပင် သန်းလာသည်။
အရှင်မင်းကြီး, အသက်ချမ်းသာပေးပါ, အရှင်မင်းကြီး အသက်ချမ်းသာပေးပါ အမတ်ချုပ်ကြီးက တုန်ယင်ချောက်ချားလျက် ငိုကြွေးတောင်းပန်သည်။