၅၁၃။ ဇွဲကောင်းစွာ လိုက်လာသူ - ၄

610 54 0
                                    

၅၁၃။ ဇွဲကောင်းစွာ လိုက်လာသူ - ၄

နောက်တစ်နေ့ မနက်စောစောတွင် ဂျန်ဝုရှီတို့ အဖွဲ့ နိုးလာသည်။ သိုးငယ်လေးက အိပ်နေဆဲပင်။ ဂျန်ဝုရှီက သူ့လူများကို တိတ်တဆိတ်နေရန် လက်ဟန်ပြသည်။ ကျောက်ချူတို့က သစ်ပင်ပေါ်မှ အသာအယာ ဆင်း၍ အသံမထွက်အောင် ဂရုစိုက်ပြီး တိုးတိုးတိတ်တိတ် ထွက်လာခဲ့ကြသည်။

သိုးငယ်လေးက နိုးလာလျှင် ခေါင်းမော့၍ သစ်ပင်ဖျားကို ချောင်းကြည့်သည်။ သူ့ကိုယ်လုံးမှ သိုးမွှေးများအားလုံး ကျွတ်ထွက်မတတ် သူ လန့်သွားသည်။

ပဲဟ်ဟ်ဟ်

(သူတို့ ဘယ်ရောက်သွားကြတာလဲ။)

ဘွားဟားဟားဟား.... မင်း ငါ့ကို တကယ် သတ်နေတာပဲ၊ မင်း အဲကောင်လေးကို မလိုချင်ဘူးဆိုရင်လည်း တစ်နေရာရာမှာ လွှင့်ပစ်ထားခဲ့လိုက်ပေါ့၊ ဒါပေမဲ့ မင်းက ငါတို့ကို ခိုးကြောင် ခိုးဝှက်နဲ့ ထွက်လာခိုင်းတယ်၊ ဟားဟားဟား... ငါ မအောင့်နိုင်တော့ဘူး... ငါ့ဗိုက်တွေတောင် နာလာပြီ... အကိုဟွာ... ငါ့ကို ကယ်စမ်းပါအုံးဟ... ကျောက်ချူက ခရီးစဉ်တောက်လျောက် ခွက်ထိုးခွက်လန် ရယ်လာ၏။

အဆင့်မြင့် လိပ်ပြာသားရဲသည်ပင် သူတို့အဖွဲ့နှင့် ယှဉ်ပြိုင်ဘက် မဖြစ်ပေ။ သို့ပါလျက် သူတို့က ဇွဲကောင်းသော သိုးငယ်လေးလက်မှ လွတ်ရန် ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်လာကြရသည်။ ဒါက တကယ်ပင် ရယ်စရာကောင်းလှသည်။

ငတုံး... ထွက်သွားစမ်း... ဖေးယန်က ကျောက်ချူကို ကန်လွှတ်လိုက်သည်။ ကျောက်ချူက သူ၏ လက်ညစ်ပတ်ဖြင့် ဟွာယောင်းကို စွန်းထင်းစေတော့မည် အချိန်မှာ ဖြစ်သည်။ သူ့မျက်နှာက ရွံ့ရှာဟန်ဖြင့် တွန့်ရှုံ့သွားသည်။

ဒါပေမဲ့ ငါ အတော်လေး သိချင်မိသား... ရှီလေး... မင်း ဘာလို့ အဲကောင်လေးကို ခေါ်မထားချင်ရတာလဲ၊ အဲကောင်လေးက အတော် ချစ်စရာကောင်းတယ်လေ၊ မဟုတ်ဘူးလား ရောင်းရူက ဂျန်ဝုရှီ၏ အပြုအမူကြောင့် အတော်လေး အံ့အားသင့်သွားရသည်။ အမွှေးပွတိရစ္ဆာန်များကို ဂျန်ဝုရှီ မည်မျှလောက် ချစ်ကြောင်း သူမ သိသည်။ ပုံမှန်အတိုင်းဆို ဂျန်ဝုရှီက ငတုံးကောင် သိုးငယ်လေး သူမနှင့် အတူ ရှိနေလျှင် ပျော်ရွှင်သင့်သည် မဟုတ်လော။

ပါရမီရှင်သမားတော်(၂)Kde žijí příběhy. Začni objevovat