၈၈၁။ ကြောက်စိတ်မွှန်ခြင်း(၄)

198 19 0
                                    

၈၈၁။ ကြောက်စိတ်မွှန်ခြင်း(၄)

ထိပ်တန်းအဆင့်တစ်ဆယ်ထဲ ဝင်ရောက်လာကြသော တခြားလေးယောက်က တစ်ဆယ်အတွင်း အဆင့်သတ်မှတ်ချက်ကို ရှေ့ပိုင်းအဆင့်အတွက် သူတို့ မပြိုင်ဆိုင်တော့ကြောင်း ကောက်ကာငင်ကာ ကြေညာကြသည်။ ဒါက သူတို့ သတ္တိကြောင်သောကြောင့် မဟုတ်ပေ။ စွမ်းအားအဆင့်ချင်း ကွာဟချက် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ သူတို့ ယှဉ်ပြိုင်မည်ဆိုလျှင်ပင်, လေညင်းကျောင်းတော်မှ မွန်းစတားခြောက်ယောက်ရှေ့တွင်, ကြီးမားသော အားနည်းချက်ကြီးအဖြစ်ဖြင့် သူတို့ အဆုံးသတ်သွားလိမ့်မည်။ သူတို့ကိုယ်တိုင် အရှက်ရမည့် အစား, အဆင့်တစ်ဆယ်အတွင်းရှိ သူတို့၏ နေရာကို နှိမ့်ချပစ်၍ ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာလိုက်တာကိုသာ သူတို့ ရွေးချယ်ကြလိမ့်မည်။

အဆင့်တစ်ဆယ်အတွင်း အဆင့်သတ်မှတ်ချက် ပြိုင်ပွဲက လေညင်းကျောင်းတော်အတွက် သီးသန့် ဖျော်ဖြေရေးဟူ၍သာ ယူဆရမည်ဖြစ်သဖြင့် ငြီးငွေ့ဖွယ်ကောင်းပြီး စိတ်လှုပ်ရှားစရာလည်း မရှိပေ။ ပြိုင်ပွဲဝင်လေးယောက်က အရှုံးပေးလိုက်သဖြင့် လေညင်းကျောင်းတော်မှ ခြောက်ယောက်သာ ကျန်ရှိတော့သည်။

ဂျန်ဝုရှီတို့က အချင်းချင်း စိတ်ရှုပ်ခံ၍ မပြိုင်ဆိုင်ကြတော့ဘဲ စင်ပေါ်တက်၍ သူတို့ လက်များကို မြှောက်ကာ အဆင့်တစ်ကို လက်လွှတ်ကြောင်း ကြေညာလိုက်ပြီး ဖန်ဇိုကိုသာ လိပ်ပြာတိုက်ပွဲ၏ အမြင့်ဆုံး အဆင့်တစ်နေရာသို့ တွန်းတင်ပေးလိုက်ကြသည်။

ဖန်ဇိုအနေဖြင့် ဖျာလိုလိပ် ထိပ်ပေါ်တင်ခံရသော်လည်း, နည်းနည်းလေးပင် ဂုဏ်ယူစရာဟူ၍ မခံစားရချေ။

သို့သော် သူ့နှလုံးသားထဲ အလိုလို သိနေတာက, ဂျန်ဝုရှီတို့က ဒီလို သူ့ကို မြှင့်တင်ပေးခြင်း၏ အကြောင်းပြချက်က သူ့မျိုးရိုးနာမည် ဖန်မှတပါး အခြား အကြောင်းမရှိဟူ၍ ဖြစ်သည်။

ဖန်မိသားစု၏ အဖွဲ့ဝင်အနေဖြင့် လိပ်ပြာတိုက်ပွဲတွင် မြင့်မားသော အဆင့်ကို ရရှိသဖြင့် ဖန်ဂျင်နှင့် လေညင်းကျောင်းတော်အတွက် လူများ သူတို့ကို ယုံကြည်မှု မြင့်တက်စေဖို့ ကိစ္စကောင်းတစ်ရပ် ဖြစ်သွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now