၂၂၁။ "တတိယရိုက်ချက် - ၃"

1.2K 92 1
                                    

၂၂၁။ “တတိယရိုက်ချက် - ၃”

“နောက်တစ်ခါဆိုရင်, မင်းအသက်ကို နှုတ်ယူရလိမ့်မယ်” လောင်ချီက မျက်လုံးများကို မှေးစင်း၍ ပြောသည်။ သူက ချင်းယန်ကလန် တပည့်များကို ရန်စနေခြင်း ဖြစ်သည်။

ထိုလူ၏ မျက်နှာက မဲမှောင်သွားသည်။ လောင်ချီက သူ့ကို သွေးထွက်အောင် လုပ်နိုင်မည်ဟူ၍ သူ မယုံနိုင် ဖြစ်နေ၏။

“ကစားနေတာ ရပ်လိုက်ဖို့ အချိန်တန်ပြီ၊ ငါတို့ ဒီအမှိုက်တွေနဲ့ အချိန်မဖြုန်းသင့်တော့ဘူး၊ ငါတို့က အမကြီးရဲ့ အမိန့်ကို အောင်မြင်အောင် ဆောင်ရွက်ရတော့မယ်၊ ငါတို့က သူတို့နဲ့ ရယ်စရာ လုပ်နေဖို့ အချိန်မရှိဘူး။” သူ့အပေါင်းအဖော် ဒဏ်ရာရတာကို တွေ့မြင်ရလျှင် တခြား ချင်းယန်ကန် တပည့်က ရှေ့တက်လာပြီး ကြားဖြတ်ဟန့်တားလိုက်သည်။

သူတို့က အတော်ကြာကြာ အရူးလုပ်နေခဲ့ကြသည်။ သူတို့က နောက်ထပ် အချိန်မဖြုန်းလိုတော့ပေ။

“ဒီအကောင်စုတ်ကို မသတ်နဲ့, ငါ သူ့ကို အသက်ရှင်လျက် ဆေးစမ်းသပ်ခံ လုပ်ချင်တယ်...”ဒဏ်ရာရထားသည့် တပည့်က အသံတိုးတိုးဖြင့် ပြောသည်။ သူက လောင်ချီကို အငြိုးသိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“မင်းအလိုအတိုင်းပါဘဲ။”

နောက်တစ်ခဏတွင် ချင်းယန်ကလန်တပည့် လေးယောက်က လောင်ချီထံ ပြေးဝင်လာကြသည်။

ရုတ်တရက် အစိမ်းရောင်အဆင့် လေးယောက်၏ တိုက်ခိုက်မှုအောက်တွင် လောင်ချီ အသည်းအသန် ဖြစ်နေပြီး အသက်ရှူချိန်ပင် မရတော့‌ပေ။

သူတို့အပေါ်မှ စူးခနဲ အော်သံကြားလိုက်သည်။ အရိုးစား ဇီးကွက်ဖြူက လင်းအိမ်တော်၏ ဂိတ်တံခါးရှေ့သို့ ထိုးသုတ် ပျံဆင်းလာသည်။

“အဖေ, ကျနော် ဆက်သည်းမခံနိုင်တော့ဘူး” ဂျန်ချင်းက ပြောလျက် လှုပ်ရှားလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now