၆၉၀။ နောက်တစ်ကြိမ် တွေ့ခြင်း (၂)

398 35 0
                                    

၆၉၀။ နောက်တစ်ကြိမ် တွေ့ခြင်း (၂)

ဂုယင်က ဂျန်ဝုရှီကို ဘေးတိုက်ကြည့်၍ ခေါင်းစခြေဆုံး သုံးသပ်နေသည်။ ကြောက်စရာအပြုံးက သူ့နှုတ်ခမ်းဖျားမှာ ဆော့ကစားနေသည်။

ဘာလို့လဲ, မင်း ငါ့ကို မမှတ်မိဘူးလား။

ဂျန်ဝုရှီ မျက်မှောင်ကြုတ်သွားသည်။ သူမက လျှို့ဝှက်သိုသိပ်စွာ သတိကပ်ထားလိုက်သည်။

ဒီလူက ကျောက်ချူတို့ထက်ပင် စွမ်းအားကောင်းသည်။ အလယ်ဘုံမှ လာတာ သေချာသည်။ နန်းတော်ဆယ့်နှစ်ခုမှ လူ ဟုတ် မဟုတ်ဆိုတာသာ မသေချာပေ။ ထိုလူက ချန်လင်းလေလံအိမ်‌တော်မှာ လူအုပ်စုလိုက် သတ်ဖြတ်ပစ်ခဲ့တာတောင် မျက်တောင် တစ်ချက်မျှ မခတ်ခဲ့ပေ။ ဒါကပင် သူက အလွန် အန္တရာယ်ကြီးမှန်း ပေါ်လွင်စေသည်။

အလယ်ဘုံမှ လူက ဘာလို့ ဒီနေရာမှာ ပေါ်ထွက်လာရသနည်း။

ဂုယင်၏ ခန္ဓာကိုယ်မှာ လေညင်းကျောင်းတော်၏ ကျောင်းသားဝတ်စုံ ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ဝိညာဉ်ကုစားဌာနမှ ကျောက်စိမ်းတံဆိပ်ပြားကိုပင် ဆွဲချိတ်ထားတာကို ဂျန်ဝုရှီ သတိမြန်မြန် ပြုမိလိုက်သည်။

ဒီလောက် ကြောက်နေစရာ မလိုပါဘူး၊ မင့်မျက်လုံးလေးတွေက အရမ်း လှတယ်လို့ အရင်က ငါ ပြောခဲ့ပေမဲ့... မင်းက ဂျန်ရှီ ဖြစ်နေမှတော့, ငါ အဲမျက်လုံးလေးတွေကို မင်းခေါင်းကနေ ဆွဲမထုတ်တော့ပါဘူး ဂုယင်က အပြုံးဖြင့် ပြောသည်။ သို့သော် သူ့စကားလုံးက လူတစ်ယောက်ကို အရိုးထိ အေးစက်သွားစေနိုင်သည်။

ဂုယင်က သူတစ်ယောက်တည်း ရှည်ရှည်ဝေးဝေး ပြောနေလျင် ဂျန်ဝုရှီက အေးစက်မာကျောစ ပြုလာသည်။ ထိုလူငယ်ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်ကို မထောက်လှမ်းမိပေ။ သို့သော်ငြား သူမ သတိလက်လွတ် မနေရဲပေ။

ဂျန်ဝုရှီ မည်သို့မျှ ပြန်မဖြေတာကို တွေ့ရလျှင် ဂုယင်က ရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးလာသည်။

အာ့... အာ့... အာ့... ကောက်ရိုးထုံးများကြားတွင် အာ့ဂျန်က ဂုယင် တဖြည်းဖြည်း သူ့နား လျှောက်လာတာကို တွေ့မြင်၍ အရမ်းကြောက်လန့် တုန်လှုပ်ကာ တအီအီ အော်မြည်လိုက်သည်။ အာ့ဂျန်က ကောက်ရိုးထံများ၏ အတွင်းနက်နက်ထဲထိ တိုးဝင်သွားသည်။ သူက ပုံလျက်သား လဲကျကာ တုန်ယင်ချောက်ချားနေသည်။ ကောက်ရိုးထုံးများက လေထဲ ပျဲ့လွင့်လာလေ၏။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora