၈၉၉။ လုပ်ကြံသတ်ဖြတ်ခြင်း(၅)
တံခါးအပြင်ဘက်တွင် နေရာတိုင်းမှာ သွေးများ တစက်စက် ကျနေသည်။ အဝင်အထွက်တံခါးများ ပြူတင်းပေါက်များက သွေးများဖြင့် ပေကျံနေကြသည်။ အရမ်းမကျယ်သော လျှောက်လမ်းပေါ်တွင် သွေးများ စွေးစွေးနီကာ အိုင်ထွန်းနေလေ၏။ သက်မဲ့ကိုယ်များက လျှောက်လမ်းတစ်ခုလုံးမှာ ဖရိုဖရဲဖြင့် နေရာအနှံ့ ပြန့်ကျဲနေသည်။ ရန်သူများ၏ သွေးများက နေရာစုံမှာ ပျံ့နှံ့နေလေသည်။ ကျောက်ချူက တံခါးဝမှာ ပြုံးဖြဲဖြဲဖြင့် ရပ်နေသည်။ သူက ဂျန်ဝုရှီကို သွေးပေနေသော လက်များဖြင့် ဝှေ့ယမ်းပြနေသည်။
အပြင်ဘက်က ကောင်တွေ သေ....ကျောက်ချူက ပြုံးဖြဲဖြဲဖြင့် စပြောသည်။
ထွက်သွား ဂျန်ဝုရှီက မျက်မှောင်ကြီး ကုတ်လျက် ငေါက်ဆတ်ဆတ် ပြောလိုက်သည်။
ကျောက်ချူ တောင့်တင်းသွားသည်။ ဝှေ့ယမ်းနေသော သူ့လက်များ လေထဲမှာ တန့်သွားသည်။
ယဲ့ရှက အသာအယာ ချောင်းဟန့်၍ ပြောသည် ငါတို့ သခင်မလေးက သွေးနံ့ကို သဘောမကျဘူး။
ကျောက်ချူ မျက်တောင် တဖျတ်ဖျတ် ခတ်မိသွားသည်။ သူ အရင်က ဒီအချက်ကို တကယ်ပင် သတိမပြုမိခဲ့ပေ။
ဂျန်ဝုရှီက တစ်ညလုံး မအိပ်ရသေးပေ။ သူမ စိတ်ထဲမှာ ရှိနေသည့် ပြဿနာများကြောင့် မချင့်မရဲ ဖြစ်နေရသည်။ အခု သူမ မုန်းတီးသော သွေးနံ့က သူမတစ်ခန်းလုံး ပြည့်နှက်သွားသည်။ သူမ မည်သို့ စိတ်မတိုဘဲ နေနိုင်အံ့နည်း။
သခင်လေး ကျောက်, အရင်ဆုံး သွားပြီး ဆေးကြောသုတ်သင်လိုက်ရင် ကောင်းမယ်ထင်တယ် ယဲ့ရှက သွေးများပေကျံနေသော ကျောက်ချူ၏ လက်ဖဝါးများကို ကြည့်လျက် ပြောသည်။
ကျောက်ချူက ချက်ချင်း သတိပြန်ဝင်လာပြီး မျက်မှောင်ကြီးကုတ်နေသော ဂျန်ဝုရှီကို ကြည့်လျက် ချက်ချင်း ခေါင်းပုသွားပြီး သုတ်ခြေတင်၍ ပြေးထွက်သွားသည်။ သူ့နောက်ဘက်မှ တံခါးကိုတော့ သေချာ ပြန်ပိတ်သွားသည်။
အလောင်းကောင်များကို စေ့စေ့စပ်စပ် ရှာဖွေ၍ သူတို့၏ မူလဇာစ်မြစ်ကို သိရန် တစ်စုံတရာကို ရှာဖွေနေသော ဖေးယန်နှင့် တခြားသူများက အမြန် ပြေးထွက်လာသော ကျောက်ချူကို လှည့်ကြည့်လိုက်ကြသည်။ သူတို့ မျက်လုံးများက သိချင်စိတ်ဖြင့် အပြည့်ဖြစ်သွားကြသည်။
