၇၅၅။ ရန်တိုင်းပြည် (၆)
ဂျန်ဝုရှီက လျှောက်လှမ်းထွက်လာသည်။ သူ့အနားသို့ ဂျန်ဝုရှီ ရောက်လာလျှင် ဂျန်ဝုယောင်းက ညင်သာ၍ သဘာဝကျစွာ သူမ၏ သေးသွယ်သော လက်ကို ကိုင်၍ ဒုတိယထပ်ရှိ ခန်းမကြီးသို့ ဦးတည်လိုက်သည်။
ဂျန်ဝုရှီက ဂျန်ဝုယောင်း၏ ချစ်ခင်တွယ်တာသော ပြုမှုဆက်ဆံပုံနှင့် အသားကျနေပုံ ရသည်။ သူမက အစပိုင်းမှာ သက်သောင့်သက်သာ မရှိခဲ့ပေ။ သို့သော် သူမအရင်ဘဝက မြင်ကွင်းကို သူမ ပြန်လည် မှတ်မိလာသည်။ အရင်ဘဝတုန်းက ကလေးငယ် မောင်နှမနှစ်ယောက်နှင့် တွေ့ကြုံခဲ့သည်။ အကိုလုပ်သူက သူ့ညီမငယ်၏ လက်လေးကို ကိုင်ထားတာကို သူ မြင်ဖူးခဲ့သည်။
သို့သော် ဂျန်ဝုရှီက သူမ၏ အခြားမှတ်ဉာဏ်အပိုင်းအစကို သတိမပြုမိပေ။ အကိုလုပ်သူက သူ့ညီမငယ်၏ လက်ကို ကိုင်ထားချိန်က သူတို့ လမ်းဖြတ်ကူးနေချိန် ဖြစ်ပြီး သူတို့ အသက်အရွယ်က ရှစ်နှစ်မျှလောက်သာ ရှိနေသေးတာကို ဖြစ်သည်။
ကျောက်ချူနှင့် တခြားလူများက ဒုတိယထပ်ရှိ ခန်းမကြီးတွင် ထိုင်စောင့်နေကြသည်။ ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်း ရောက်ရှိလာတာကို သူတို့ မြင်ရလျှင်, ကျောက်ချူက မစဉ်းစား မတွေးတောဘဲ သူတို့အား အမြန်လာအောင် လက်ဝှေ့ယမ်း၍ ခေါ်လိုက်သည်။
ယဲ့ရှနဲ့ ယဲ့မေ့ ဘယ်သွားလဲ ကျောက်ချူက သူတို့ နှစ်ယောက်၏ နောက်ဘက်သို့ ကြည့်လိုက်သည်။ ယဲ့ရှနှင့် ယဲ့မေ့ကို မတွေ့မြင်ရသဖြင့် သူ အနည်းငယ် သိချင်စိတ်ဖြစ်လာပြီး မေးသည်။
ဂျန်ဝုယောင်းက ပြန်ပြောသည် သူတို့ လုပ်စရာရှိလို့ အပြင်ထွက်သွားကြတယ်။
ကျောက်ချူ ခေါင်းညိတ်၍ နောက်ထပ် မမေးမြန်းတော့ပေ။ သူတို့ ဂျန်ဝုယောင်းကို အရမ်း မကြောက်တော့သော်လည်း ဂျန်ဝုယောင်း၏ လွှမ်းမိုးနိုင်စွမ်းသော စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှုကြောင့် မျက်နှာချင်းဆိုင်ရလျှင် ကတုန်ကယင် ဖြစ်နေကြသည်သာ။ သူ၏ လက်အောက်ငယ်သား နှစ်ယောက်ပါ အပါအဝင် ဖြစ်သည်။ ထိုနှစ်ယောက်က ပေါ်ချင်ပေါ်, ပျောက်ချင် ပျောက်သွားတတ်သည် မဟုတ်လော။