၃၃၉။ “လွှမ်းမိုးနိုင်လွန်းသော - ၂”
“မင်း သေချာလား” ရယ်နေသော လူက တန်လှုပ်လျက် မေးသည်။
“ဝိညာဉ်ကျောက်ကနေ တုံ့ပြန်လာတယ်, အဲလူက အနီးကပ် ရှိနေတုန်းပဲ, ငါတို့ လိုက်ရင် မှီနိုင်တယ်” ထိုလူက အစိမ်းရောင် တောက်နေသည့် ကျောက်ကို စူးစိုက်ကြည့်နေရင်း ပြောသည်။ သူ့မျက်လုံးများက ကျဉ်းမြောင်းနေသည်။
“ဟားဟား, ငါတို့ ခြေတိုအောင် ရှာလိုက်ရတာ, အကြောင်းမထူးခဲ့ဘူး, အခုတော့ ငါတို့ ရှေ့တည့်တည့် ရောက်လာတာပဲ, ငါတို့ အလွတ်ပေးလို့ မဖြစ်ဘူး” ထိုလူ၏ ရယ်သံက ကြီးမား ပြင်းထန်လာသည်။
ထိုလူနှစ်ယောက်က တိမ်ထူတောင်ထွတ်များမှ မှုန်ဝါးကာ ပျောက်ကွယ်သွားသည်။
တောင်တက်လမ်းတွင် ဂျန်ဝုရှီက သူတို့နောက်မှ လိုက်လာသည့် ထုထည်ကြီးမားသည့် လက်စွပ်ဝိညာဉ်ကို ကြည့်နေသည်။ အနက်နှင့် အဖြူရောထားသည့် သားရဲကြီးက သူမ၏ အရင်ဘဝတွင် တိုင်းပြည်၏ ရတနာထဲတွင် ပါဝင်သည်။ သို့သော် သူမရှေ့မှ သားရဲကြီး၏ ဆိုက်က သူမ မှတ်မိသည့် သားရဲကြီးထက် ပိုမို ကြီးမားသည်။
“ငါ့ကောင်ကြီးက ခန့်ညားပြီး သူရဲကောင်းဆန်တယ်မို့လား” ကျောက်ချူက သူ့လက်စွပ်ဝိညာဉ်အား ဂျန်ဝုရှီ စူးစိုက်ကြည့်နေတာကို မြင်၍ သူ့ကောင်ကြီး၏ ဝမ်းဗိုက်ကို ပုတ်၍ ဂုဏ်ယူဝင့်ကြွားပြသည်။ ထို လုံးဝိုင်းနေသည့် အမွှေးပွပွ ဝမ်းဗိုက်က ထိကိုင်ဖို့ မရမက ဖိတ်ခေါ်နေသလိုလို။
ဂျန်ဝုရှီ၏ ပခုံးပေါ်မှ ကြောင်နက်လေးက သူ့လက်ဖဝါးကို မြှောက်၍ သူ့မျက်နှာကို ကာလိုက်သည်။
လာပြန်ပြီ။
ငါ့သခင်မလေးက နောက်တစ်ခါ လုပ်တော့မယ်။
ဂျန်ဝုရှီက ခန္ဓာကိုယ်ကြီးမားသော ပန်ဒါဝက်ဝံကို အသဲအမဲ ကြည့်နေသည်။ အတော်ကြာအောင် တိတ်ဆိတ်စွာ ကြည့်နေပြီးမှ ပြောလာသည် “ငါ ထိလို့ရမလား။”
