၄၀၅။ "ဝိညာဉ်ကုစားသူ - ၅"

653 53 3
                                    

၄၀၅။ ဝိညာဉ်ကုစားသူ - ၅

ဂူလီရှန်က အားပါးတရ ပြုံးလေ၏။ ပထမဆုံး သည်ကောင်လေးကို တွေ့တုန်းက, သူ အလွန်စိတ်ဝင်စားခဲ့သည်။ ဒီလို အသက်ငယ်ငယ်ဖြင့် လိမ္မော်ရောင်ဝိညာဉ် စွမ်းအားအဆင့်သို့ ချိုးဖျက်တက်ရောက်ခဲ့သည်။ သို့သော် ထိုကောင်လေး၏ လက်စွပ်ဝိညာဉ်က အားနည်းနေသည်က မချင့်မရဲ ဖြစ်စရာ ဖြစ်ခဲ့သည်။ အားနည်းခြင်းကလည်း မွေးရာပါမဟုတ်ဘဲ အကြီးအကျယ် ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်နေသည်။

ထိုမျှလောက် အကြီးအကျယ်ထိခိုက်ဒဏ်ရာရခဲ့ခြင်းက ၎င်းလက်စွပ်ဝိညာဉ် ကိုယ်တိုင် ခက်ခဲသော ကိစ္စနှင့် ရင်ဆိုင်ခဲ့ရခြင်းသာ ဖြစ်လိမ့်မည်။

ထိုကောင်လေးမှာ မည်သည့်ကိစ္စရပ် ဖြစ်ခဲ့သလဲဆိုသည်ကို သူ သိချင်နေမိသည်။ ထို့နောက် ထိုကောင်လေးကို ဝိညာဉ်ကုစားဌာနသို့ ခေါ်ယူရန် သူ ဆုံးဖြတ်ခဲ့သည်။ သို့သော် ဒီလို တုန်လှုပ်ဖွယ် ကိစ္စရပ်နှင့် သူကိုယ်တိုင် တွေ့ကြုံရလိမ့်မည်ဟူ၍ သူ မမျှော်လင့်ထားခဲ့မိပေ။

ဒါကို ဒီလိုပုံစံမျိုးနဲ့ လက်မခံနဲ့အုံး၊ ငါ ပြောလို့ မပြီးသေးဘူး၊ မင်းကို ဝိညာဉ်ကုစားဌာနမှာ မထားတာက မင်း ဝိညာဉ်ကုစားခြင်းပညာရပ်ကို တိုးတက်အောင် ပြုပြင်မွမ်းမံနေတယ်ဆိုတဲ့ အမှန်တရားကို ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားချင်လို့ပဲ၊ ဝိညာဉ်ကုစားခြင်းပညာရပ်က လူတွေကို ဘယ်လောက် ဆွဲဆောင်သလဲဆိုတာ မင်း သတိပြုမိမှာပါ၊ မင်းက ဒီပညာရပ်ကို လျှို့ဝှက် သုတေသနလုပ်နေတယ်လို့ တစ်ယောက်ယောက်က သိသွားရင် ပြဿနာတွေကို ဖိတ်ခေါ်ရာ ရောက်သွားလိမ့်မယ်၊ မင်းလည်း အသက်အန္တရာယ် ရှိလာနိုင်တယ်၊ ဒါပေမဲ့ မင်းကို ဝိညာဉ်ကုစားဌာနကနေ ထုတ်ဖယ်ပစ်လိုက်ပြီးတော့ တခြားဌာနတွေမှာ မင်းကို ကျောင်းအုပ်ကြီးက ကိုယ်တိုင် လက်ခံထားဖို့ ခွင့်ပြုထားမယ်ဆိုရင်, တခြားဌာနတွေမှာ မင်းကို ဘယ်လိုပဲ ပြောင်းရွှေ့ထားထား, လူတကာ အပြစ်ပြောတကနေ မင်း လွတ်မှာ မဟုတ်ဘူး၊ ဒါကို မင်း ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်။

ဂူလီရှန်က မျက်မှောင်ကြုတ်ကာ ပြောသည်။ မြင့်မားသည့် အရည်အသွေးရှိနေသဖြင့် ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ဂျန်ရှီကို ဝိညာဉ်ကုစားဌာနမှာ လက်ခံလိုက်ခြင်းကြောင့် ဂျန်ရှီက လေညင်းကျောင်းတော်တွင် နာမည်ကြီးသွားသည်။ ပထမဆုံးနေ့မှာပင် ဂျန်ရှီကို ထုတ်ပယ်၍ တခြားဌာနများသို့ ပို့ဆောင်လိုက်လျှင် တခြားလူငယ်များ၏ မနာလိုခြင်း အထင်သေးခြင်းများက အပြင်းအထန် ထွက်ပေါ်လာကြမှာဖြစ်ပြီး ဂျန်ရှီက ၎င်းအရာများကို အပြင်းအထန်ခံရမှာ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora