၅၉၂။ လူအုပ်ကြီးအား ဖြတ်ရိုက်ခြင်း-၁၀

571 47 0
                                    

၅၉၂။ လူအုပ်ကြီးအား ဖြတ်ရိုက်ခြင်း-၁၀

ယင်ယန်က ကြောက်လန့်သော မျက်လုံးများဖြင့် နင်ရှင်းကို ကြည့်လိုက်သည်။ ကြောက်လန့်ခြင်းက သူ့တစ်ကိုယ်လုံးသို့ စတင်၍ ပျံ့နှံ့သွားသည်။

ကနေ့ အဖြစ်အပျက်ပြီးသည့်နောက် ဂျန်ရှီကို သွားပုပ်လေလွင့်ပြောဖို့ သို့မဟုတ် လုပ်ကြံစွပ်စွဲဖို့ ဂျန်ရှီ၏ အတိတ်မှ အရာရာတိုင်းကို မည်သူမျှ အသုံးချနိုင်တော့မည် မဟုတ်ပေ။

ဂူလီရှန်က ခမ်းနားထည်ဝါသော အနေအထားဖြင့် ဂျန်ရှီကို ဝိညာဉ်ကုစားဌာနသို့ ပြန်လာရန် ကိုယ်တိုင် ဖိတ်ခေါ်သွားခဲ့သည်။ အခု, သူတို့ထဲမှ မည်သူမျှ ဂျန်ရှီအား နည်းနည်းလေးတောင် စော်ကားဝံ့တော့မည် မဟုတ်ပေ။

ဝိညာဉ်ကုစားခြင်းနည်းစနစ်မှာ ဂျန်ရှီက ဂူလီရှန်ထက် သာလွန်သော အသိပညာရှိသည်ဟူသော အချက်တစ်ခုတည်းဖြင့်ပင် လူတိုင်း အညံ့ခံဖို့ လုံလောက်သွားချေပြီ။ ဂျန်ရှီ၏ အဆင့်အတန်းက လေညင်းကျောင်းတော်ရှိ တပည့်တိုင်းထက် သာလွန်မြင့်မားသွားသည်။ လှုပ်ရှားစေဖို့ မဖြစ်နိုင်ပေ။

သူ့အား ဆဲရေးတိုင်းထွာပြီး နာမည်ဖျက်ထားသူ, လူတစ်ယောက်အနေဖြင့် သူ့ကို လုံးလုံး စက်ဆုပ်ရွံရှာခဲ့သူများက ထိုသို့ လုပ်ဆောင်ရခြင်းအတွက် သူတို့၏ ကိုယ့်ကိုယ်ကို တရားမျှတကြောင်း အကြောင်းပြချက်များ, အားနည်းသော ဆင်ခြေဆင်လက်များကို ရှာဖွေထားကြသည်။ ထိုသူများ ကနေ့မှ စပြီး မှုန့်မှုန့်ညက်ညက် ချေမှုန်းခံလိုက်ရလေပြီ။

တစ်ချက်ကြည့်ရုံမျှဖြင့် ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို ဆုပ်ကိုင်နိုင်သော ဂျန်ရှီက လူတိုင်းအား လေးစားလိုက်နာလျက် နောက်ဆုတ်သွားစေနိုင်သည်။ သူတို့ထဲမှ တစ်‌ယောက်တလေကပင် နည်းနည်းလေးမျှ ဆန့်ကျင်ဘက်အပြုအမူကို မပြသဝံ့တော့ပေ။

ယင်ယန်က ခေါင်းမော့၍ သူ့အပေါ်မှာ အုပ်မိုးနေသော ညှိုမှိုင်းမှိုင်း ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

လေညင်းကျောင်းတော်ကို လုံးလုံး ပြောင်းလဲခြင်းက လွှမ်းမိုးသွားလေပြီ။ ကနေ့ အမှတ်အသားကြီးတစ်ခု ချန်ထားရစ်ခဲ့လေပြီ။ ၎င်းအမှတ်အသားကြီးကို နောက်နောင် ကာလရှည်ကြာစွာ ကောင်းကောင်း မှတ်မိနေကြလိမ့်အုံးမည်။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant