၅၇၃။ ရောင်းရင်း ကျောင်းသားကို သတ်သူ-၁
လေညင်းကျောင်းတော်၏ အားလပ်ရက်က တစ်ခဏလေးဖြင့် ကုန်ဆုံးသွားသည်။ ဂျန်ဝုရှီတို့က ကျောင်းတော်သို့ ပြန်လာကြသည်။
ချန်လင်းမြို့တော်မှာ စည်ကားသိုက်မြိုက်ခြင်းက လေညင်းကျောင်းတော်သားများ ပြန်လည် ထွက်ခွာသွားပြီးနောက် အလွန်တရာ ငြိမ်ကျသွားသည်။ လမ်းများက ရုတ်တရက် ဗလာကျင်းသွားပြီး တိတ်ဆိတ်သွားသည်။ သို့သော် နောက်တစ်လ ဒီလိုအချိန်မျိုးမှာ ပြန်လည် သက်ဝင်လှုပ်ရှား စည်ကားလာအုံးမည် ဖြစ်သည်။
ကျောက်ချူတို့က အရင်ဆုံး ဌာနခွဲသို့ ရောက်ရှိသွားကြသည်။ ဂျန်ဝုရှီက ဖန်ဇိုနှင့် အတူ လေညင်းကျောင်းတော် မဟာဌာနသို့ ခြေချရုံသာ ရှိသေးသည်။
ဂျန်ဝုရှီ လေညင်းကျောင်းတော်သို့ ပထမဆုံး ခြေလှမ်း စဝင်သည်နှင့် သူမထံ ရှေးရှူနေသော အထင်သေးခြင်း မုန်းတီးခြင်း အကြည့်များကို သူမ တွေ့ကြုံလိုက်ရသည်။
အားလပ်ရက်အတွင်းမှာ လေညင်းကျောင်းတော်သား အတော်များများ ကျောင်းတော်တွင် ကျန်ရစ်ခဲ့ကြသည်။ သူတို့က ချန်လင်းမြို့သို့ သွားရောက်ကြသော ကျောင်းတော်သားများနှင့် နှိုင်းယှဉ်လျှင် အမြင်အားဖြင့် မတူကွဲပြားသော တုံ့ပြန်မှုကို ပေးလာကြသည်။ ဂျန်ဝုရှီကို မြင်လျှင် အရင်က လျစ်လျူရှူ၍ မသက်ဆိုင်သလို နေကြသော ကျောင်းသားများက, အခု လုံးလုံး အထင်သေးခြင်း စက်ဆုက်ခြင်း မုန်းတီးခြင်း အပြည့်ဖြစ်နေသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်ကြသည်။
မိတ်ဆွေမဆန်သော ထိုအကြည့်များက သိသာလွန်းသဖြင့် အမြဲတမ်း တည်ငြိမ်အေးဆေးသော ဂျန်ဝုရှီသည်ပင် သူတို့ မျက်လုံးများ၏ အပြောင်းအလဲကို ခံစားမိသည်။
ဂျန်ဝုရှီ ပြန်ရောက်လာသည်နှင့် လေညင်းကျောင်းတော်ရှိ လေထုက အနည်းငယ် မာဆတ်ဆတ် ဖြစ်ကာ အပြောင်းအလဲ ဖြစ်လာသည်။ ဂျန်ဝုရှီက ဖန်ဇိုနှင့် အတူ ကျောင်းသားများကို ဖြတ်ကျော်တက်သွားလျှင် ထူထဲသော မုန်းတီးခြင်း, အထင်သေးခြင်းများဖြင့် ပြည့်နှက်နေသော အကြည့်များက သူမထံ ရောက်ရှိလို့လာကြသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)