၆၉၅။ နိမိတ်ဆိုး အမှောင်ထု ဖုံးလွှမ်းခြင်း(၂)

424 42 0
                                    

၆၉၅။ နိမိတ်ဆိုး အမှောင်ထု ဖုံးလွှမ်းခြင်း(၂)

ဝိညာဉ်ကုစားခြင်းဌာနသို့ ‌ရောက်စမှာတော့ ဂုယင်က ပုံမှန်မဟုတ်သော မည်သည့် အပြုအမူကိုမျှ မပြသခဲ့ပေ။ ဝိညာဉ်ကုစားခြင်း နည်းစနစ်နှင့် ပတ်သက်သော အကြောင်းအရာများကို မေးဖို့ ဂူလီရှန်အား အပြုံးဖြင့်ပင် ချည်းကပ်တတ်သေးသည်။ ဂူလီရှန်က နင်ရူကို မနှစ်သက်သော်လည်း အပြုံးဝေဆာနေသော လူတစ်ယောက်ကို ငြင်းပယ်ဖို့ မဖြစ်နိုင်ခဲ့ပေ။

ဂုယင်က ရိုးရိုးကုပ်ကုပ်ဖြင့် ယဉ်ကျေးပြခဲ့သည်။ ထို့ကြောင့် ဂူလီရှန်က သူ့အား အခြေခံများကို သင်ကြားပေးခဲ့သည်။ ထို့နောက် များများစားစား ထပ်မံ သင်မပေးတော့ပေ။ ဂူလီရှန်၏ ဝိညာဉ်ကုစားဌာနသို့ ဝင်ရောက်ပြီး ရက်အနည်းငယ်အကြာမှာ ကျောင်းအုပ်ကြီး ဖန်ချီ ရုတ်တရက် သေဆုံးသွားခဲ့သည်။ ဖန်ဂျင်ကို လူသတ်သမားဟူ၍ သတ်မှတ်ခဲ့ကြသည်။ ဝမ်ရှင်းဟန်သာ အချိန်မီ ရောက်မလာခဲ့လျှင်, ဖန်ဂျင်က အခုလောက်ဆို သတ်ဖြတ်ခံရပြီးလောက်ပြီ။

ထိုသို့ ဖြစ်ပြီးနောက် ဂုယင်၏ အပြုအမူများ ပြောင်းလဲသွားခဲ့သည်။ ရိုင်းပျပြီး ဆုံးမရခက်သူ ဖြစ်လာသည်။ သူ၏ မနှစ်မြို့ဖွယ် လုပ်ဆောင်ချက်ကို ဝိညာဉ်ကုစားဌာနမှာပင် နည်းနည်းလေးမှ ထိန်းသိမ်းထားခြင်း မရှိပေ။ ဝိညာဉ်ကုစားဌာနမှ တပည့်နှစ်ယောက်ကိုပင် သတ်လိုက်သေးသည်။

လေညင်းကျောင်းတော်မှာ သူ့လက်ချက်ကြောင့် ဝမ်းနည်းဖွယ်ရာ သေဆုံးသွားကြသော ကျောင်းသားများ အရည်အတွက်က တိုးတက်များပြားလာခဲ့သည်။

ထိုအချိန်ကျမှ အမြဲတမ်း ပြုံးနေသော လူငယ်က တကယ်တော့ ကြောက်စရာမိစ္ဆာတစ်ကောင် ထိုမျက်နှာအောက်မှာ ရှိနေကြောင်း သတိပြုမိလိုက်သည်။

ဖန်ဂျင်ကို ကယ်တင်ခဲ့တာ ဘယ်သူလဲ ဂူလီရှန် ပြောတာကို နားထောင်ပြီးနောက် သူမ မျက်လုံးများ လင်းလက်သွားသည်။

ဝမ်ရှင်းဟန်, လေညင်းကျောင်းတော်ရဲ့ ဂုဏ်သရေရှိ စည်းကမ်းထိန်းသိမ်းရေးမှူး၊ သူ့ကို ကျောင်းအုပ်ကြီး ဖန်ချီကိုယ်တိုင် ဖိတ်ခေါ်ထားခဲ့တာ၊ သူ ဒီလို အချိန်ကျမှ ရုတ်တရက်ကြီး ဘာ့ကြောင့် ပေါက်ချလာသလဲ ငါလည်း မသိဘူး၊ ဒါပေမဲ့ သူ ဒီမှာ ရှိနေလို့ ကံကောင်းသွားတယ်၊ နို့မို့ဆို လေညင်းကျောင်းတော်က ဘယ်လောက်အထိ ဆိုးရွားပျက်စီးသွားမလဲ မသိနိုင်ဘူး၊ ထူးဆန်းတာ တစ်ခု ရှိတယ်, သူက မဲနယ်ရောင်ဝိညာဉ်စွမ်းအားရှင်ပဲ အရင်ကပေါ့၊ ဒါပေမဲ့ သူ ဒီပြန်လာချိန်မှာတော့ ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင် ဖြစ်သွားပြီ၊ ဒါက လူတိုင်းကို အံ့အားသင့်သွားစေတယ် ဂူလီရှန်က ပြန်ပြောပြသည်။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang