၈၉၆။ လုပ်ကြံသတ်ဖြတ်ခြင်း(၂)

245 17 0
                                    

၈၉၆။ လုပ်ကြံသတ်ဖြတ်ခြင်း(၂)

ဝတ်စုံနက်ဝတ် လူများက ချက်ချင်းပင် တခြားဧည့်သည်များ၏ အခန်းများရှေ့တွင် ကိုယ်စီကိုယ်ငှ ရပ်လိုက်ကြသည်။ သူတို့က တံခါးနားကပ်၍ အတွင်းထဲမှ လှုပ်ရှားသံများကို နားထောင်လိုက်ကြသည်။ အခန်းများထဲမှာကား လုံးလုံး တိတ်ဆိတ်နေကြပြီး အခန်းထဲရှိ လူများက အိပ်ပျော်နေကြပုံ ရသည်။ သူတို့အားလုံး သူတို့ ခေါင်း‌ဆောင်ကို ခေါင်းညိတ်ပြလိုက်ကြသည်။

တခြားဧည့်သည်များ၏ အခန်းရှေ့တွင် ကိုယ်စီရပ်နေကြသော အနက်ရောင်ဝတ်စုံရှင် လူများအပြင်, နောက်ထပ် လူဆယ်‌ယောက်က တခြားအခန်းတစ်ခုတည်းရှေ့မှာ ရပ်နေကြသည်။ သူတို့က ဓားဖျားများဖြင့် အတွင်းပိုင်း ချက်ကို တိတ်တဆိတ် ထိုးဖွင့်၍ ရုတ်တရက် တံခါးကို အကျယ်ကြီးတွန်းဖွင့်၍ ဝင်သွားကြလေ၏။

သို့သော် သူတို့ အခန်းထဲ ပြေးဝင်သွားချိန်မှာ မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးရောင်ဖြင့် အခန်းတစ်ခုလုံး လုံးဝ အလွတ်ဖြစ်နေတာကို သူတို့ တွေ့ရှိလိုက်ကြသည်။ ညဝတ်အင်္ကျီက အိပ်ရာပေါ်မှာတင် ရှိနေသဖြင့် သူတို့ပစ်မှတ်က အရိပ်အယောင်ပင် မရှိဆိုတာ ပြသနေသည်။

သူတို့အားလုံး အံ့အားသင့် မှင်တက်နေကြစဉ်, ဝင်ပေါက်တံခါးက ရုတ်တရက် ပိတ်သွားသည်။

ချက်ခနဲဆိုသည့် တံခါးပိတ်သံကြောင့် အနက်ရောင်ဝတ်စုံရှင်လူများက ချက်ချင်းပင် သူတို့နောက်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

နူးညံ့သိမ်မွေ့သော မျက်နှာရှင် လူငယ်က တံခါးရှေ့တွင် ရပ်နေတာကို သူတို့ တွေ့လိုက်ကြသည်။ သူက သူတို့ကို မျက်လုံးများ ကျဉ်းမြောင်းထားလျက် ကြည့်နေသည်.

နင်တို့ကို ဘယ်သူ လွှတ်လိုက်တာလဲ ဂျန်ဝုရှီက မကြိုဆိုဘဲနှင့် ရောက်ချလာသော ဧည့်သည်များကို အေးစက်စက် ကြည့်လိုက်သည်။ ထိုလူများ အခန်းထဲသို့ ဝင်လာချိန်မှာ ခြေသံပင် မကြားကြရချေ။ လျင်မြန်လည်း လျင်မြန်သည်။ သို့သော် ကြောင်နက်လေးက သူတို့ခြေသံကို ကြားနိုင်သည်သာ။ သူတို့၏ အရေအတွက်ကိုလည်း တိတိကျကျ သိနိုင်ခဲ့သည်။ သူမအခန်းထဲ ပြေးဝင်လာသော လူဆယ်ယောက်အပြင်, နောက်ထပ် လူဆယ်ယောက်ကျော်လည်း ဟွာယောင်းတို့၏ တံခါးအသီးသီးရှေ့မှာ စောင့်ကြပ်လျက် ရပ်နေကြသည်။ သို့သော် သူတို့ အထဲဝင်ဖို့ ရည်ရွယ်ချက် ရှိပုံမရကြချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now