၈၅၃။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၉)

303 27 0
                                    

၈၅၃။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၉)

ကောင်းပြီလေ ဂျန်ဝုရှီက ချက်ချင်း သဘောတူလိုက်သည်။

နန်းတွင်းသမားတော်ကြီး လီက ရုတ်တရက် အထင်သေးသည့် လေသံဖြင့် ပြောသည် ဆရာဂျန်းက တကယ်ပဲ စိတ်ရှည်သည်းခံ့တတ်တဲ့ လူ၊ ခင်ဗျားက အတွေ့အကြုံမရှိသေးတဲ့ ကောင်မလေးကို ဒီလိုမျိုး လုပ်ဖို့ ခွင့်ပြုပေးတယ်‌‌ပေါ့။

ဂျန်းယင်းလောင်က နန်းတွင်းသမားတော်ကြီး လီကို အားနည်းစွာ ပြုံးပြရုံသာ တတ်နိုင်သည်။

ဂျန်းယင်းလောင်၏ သဘောတူညီချက်ကို ရရှိပြီးနောက် ဂျန်ဝုရှီက အချိန်မဆွဲတော့ဘဲ ချက်ချင်းပင် ဆေးလုံးကို သူမလက်ထဲသို့ သွန်ချလိုက်သည်။ တခြားလက်တစ်ဖက်ဖြင့် ချူလင်းယွဲ့၏ လည်ပင်းကို ကိုင်ထားသလို လုပ်ထားပြီး ချူလင်းယွဲ့၏ ပါးစပ်ထဲသို့ ဆေးလုံး ထည့်တိုက်လိုက်သည်။ မည်သူမျှ သတိမပြုနိုင်ခင်မှာပင် ဂျန်ဝုရှီက သူမ၏ လက်နှစ်ချောင်းကြားမှာ ဖုံးကွယ်ထားသော ငွေအပ်ဖြင့် ချူလင်းယွဲ့၏ နောက်ဘက်လည်တိုင်ကို အဆင့်ဆင့် ထိုးစိုက်လိုက်သည်။ ဆေးလုံးကို ချူလင်းယွဲ့၏ ပါးစပ်ထဲ ထည့်တိုက်ပြီးသည်နှင့် သူမက ငွေအပ်ကို လျင်မြန်စွာ ပြန်ဆွဲထုတ်လိုက်သည်။ အလွန်မြန်သဖြင့် မည်သူမျှ သတိမပြုမိပေ။

ချူလင်းယွဲ့အား ဆေးတိုက်ပြီးသည့်နောက် ဂျန်ဝုရှီက အပိုစကား မပြောလိုသဖြင့် တစ်ဖက်သို့ ဆုတ်သွားသည်။ ထိုစဉ် နန်းတွင်းသမားတော်ကြီး လီ ဦးဆောင်သည့် သမားတော်အုပ်စုက သူမကို ညွှန်းဆိုပြီး တီးတိုး ပြောနေကြသည်။ ဂျန်ဝုရှီ၏ ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ ကြိုးစားနေကြပုံပင်။

ဂျန်းယင်းလောင်က ချူလင်းယွဲ့၏ အိပ်ရာဘေးသို့ စိုးရွံ့စွာ လျှောက်လာသည်။ ချူလင်းယွဲ့၏ မျက်နှာသွင်ပြင်ကို စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေးလိုက်သည်။

လေ့ချန်လည်း စိုးရိမ်ကြောင့်ကြလျက် အိပ်ရာပေါ်သို့ ကြည့်နေသည်။

နန်းတွင်းသမားတော်ကြီး လီက စူးစမ်းဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ ချူလင်းယွဲ့မှာ မည်သည့် တိုးတက်လာတာကိုမျှ မတွေ့မြင်ရပေ။ အသက်ရှုသံ ဖျော့တော့တော့ဖြင့် အိပ်ရာပေါ်မှာ ဒီအတိုင်း လဲလျောင်းနေတာကိုသာ သူ တွေ့လိုက်ရသည်။ ထို့နောက် သူ့နှုတ်ခမ်းများ မဲ့ရွဲ့လာပြီး သူ၏ အေးစက်စက် အထင်သေးခြင်းက ပိုမို၍ ပြင်းထန်လာလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now