၅၅၂။ လျှို့ဝှက်ဆန်းကျယ်သော အနက်ရောင် ကျောက်တုံး-၉
မုကွိုင်ဖန်က တုန်လှုပ်လျက် ကြည့်ပြီး ခဏလောက် တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်ပြသည်။
ကျုပ်တို့ အားလုံး ချန်လင်းမြို့မှာ နေကြတာ၊ ဒီချန်လင်းမြို့က ကျုပ်ဇာတိမြို့ပဲ၊ ကျုပ်ကို ရှာဖွေချင်ရင် တောင်ဘက်လမ်းအဆုံးက အစွန်ဆုံးအိမ်ကို သွားကြည့်နိုင်တယ်၊ ဒါပေမဲ့... မုကွိုင်ဖန်က သူ့တစ်ကိုယ်လုံးရှိ ပတ်တီးများကို ကြည့်ပြီး ခါးခါးသီးသီး ရယ်လျက် ပြောသည် မင်းတို့ ကျုပ်ဆီကနေ တစ်ခုခုကို ကြားချင်တယ်ဆိုရင်, မင်းတို့ မြန်မြန်လုပ်မှ ရလိမ့်မယ်၊ ကျုပ်ခန္ဓာကိုယ်က ကြာရှည်ခံတော့မှာ မဟုတ်ဘူး။
ခင်ဗျား ဒဏ်ရာတွေက ဆိုးရွားနေပြီလား မုကွိုင်ဖန်၏ စကားနောက်ကွယ်မှ စောင်းပါးရိပ်ခြည် အဓိပ္ပါယ်ကို သိ၍ ဟွာယောင်းက မျက်မှောင်ကုတ်၍ မေးသည်။
မုကွိုင်ဖန်က ခေါင်းညိတ်ပြသည်။ ကျုပ် အခုထိ အသက်ရှင်နေတာနဲ့တင် အံ့ဖွယ်ကောင်းနေပြီ။ သူနှင့် အတူ သွားသော မိတ်ဆွေများတွင် နှစ်ယောက်က အဆိပ်သက်ရောက်ခံရပြီးနောက် နာရီအနည်းငယ်သာ ခံသည်။ မုကွိုင်ဖန်က ခုထိ ခံနေတာက အကြီးအကျယ် အံ့ဖွယ်ဖြစ်နေသည်။
ကျုပ် ကြည့်ပါရစေ ဂျန်ဝုရှီက ရုတ်တရက် ပြောသည်။
မုကွိုင်ဖန်က တွန့်ဆုတ်သွားသည်။ သူက ဂျန်ဝုရှီကို အလွန် စိုးရိမ်ပူပန်စွာ ကြည့်သည်။ ဒါ အတော့်ကို အကြည့်ရဆိုးတယ်၊ မင်း တကယ် ကြည့်ချင်လို့လား။
သူ၏ အော်ဂလီဆန်စရာ အနာများကြောင့် လူငယ်လေး လန့်သွားမှာကို သူ စိုးရွံ့နေမိသည်။
ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။
မုကွိုင်ဖန် သက်ပြင်းချပြီး သူ့လက်မှ ပတ်တီးများကို ဖြည်းဖြည်းချင်း ဖြည်ချလိုက်သည်။
တဖြည်းဖြည်း ခွာထုတ်လိုက်လျှင် အသားစများက ပတ်တီးစမှာ ကပ်ငြိနေသည်။ သွေးသံရဲရဲဖြင့် စက်ဆုပ်ရွံရှာစရာ မြင်ကွင်းပေါ်လာသည်။ သူ့လက်မှ ဒဏ်ရာများက နောက်တစ်ကြိမ် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။