၉၃၈။ ဆယ်ခုမြောက် ရိုက်ချက်(၂)
ဂျန်ဝုရှီ၏ အေးစက်စက် မျက်လုံးများက ဘုရင်ကြီး၏ မျက်နှာပေါ်သို့ ဝေ့ဝဲသွားပြီး မေးလိုက်သည် အရှင်မင်းကြီး ဘယ်လို ထင်သလဲ။
ဘုရင်ကြီး၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူက ခန်းမကြီးထဲရှိ ရှုပ်ထွေး၍ ဖရိုဖရဲဖြစ်နေသော အနေအထားကို ကြည့်လိုက်သည်။ သူ၏ မိဖုရားကြီးနှင့် သူ အယုံကြည်ရဆုံး အရာရှိက သူ့ကို သစ္စာဖောက်သွားသည်။ သူ့သားနှစ်ယောက်ကလည်း သူနှင့် သွေးသားတော်စပ်သူများ မဟုတ်ကြချေ....
ရုတ်တရက် ဘုရင်ကြီး၏ မျက်လုံးများက တုန်လှုပ်ခြင်းကြောင့် ပြူးကျယ်သွားလေ၏။ သူက ဂျန်ဝုရှီကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ထိုစဉ် သူက ရုတ်တရက် ပလ္လင်ပေါ်မှ ခုန်ထလာသည်။
မင်းပဲ, ဒီအရာတွေအားလုံးကို စီမံထားတာ မင်းပဲမို့လား။
ဂျန်ဝုရှီက ငြင်းဆိုမနေဘဲ ထိတ်လန့်ကြောက်လန့်ခြင်း အလျင်းမရှိမူ၍ ခေါင်းညိတ်ပြလိုက်သည်။
ဘုရင်ကြီးက အရိုးထဲထိ အေးစိမ့်စိမ့် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
တော်တော့်ကို ဖျက်လိုဖျက်ဆီး လုပ်တတ်တဲ့ စိတ်ဓာတ်ပဲ၊ တကယ့်ကို အန္တရာယ်ပေးတဲ့ ကောင်ပဲ။
သို့သော်ငြား ဂျန်ဝုရှီက မထူးခြားနားဟန်ဖြင့် ပြောလိုက်သည် အရှင်မင်းကြီး, အထင်မမှားပါနဲ့၊ ကျုပ် တကယ်လုပ်တာက ဖုံးကွယ်ထားတဲ့ အဖြစ်မှန်လေးကို အရှင်မင်းကြီးကို ထုတ်ဖော်ပြပေးရုံပါဘဲ၊ ကျုပ်က ဒီဖုံးကွယ်ထားတဲ့ အကောက်ကြံမှုတွေကို ဖော်ထုတ်ပြပေးရုံလေးပါဘဲ၊ အရှင်မင်းကြီးရဲ့ မောင်းမဆောင်ထဲက လျှို့ဝှက်ပူးပေါင်းဆောင်ရွက်ချက်လေးကိုလေ၊ အရှင်မင်းကြီးက ကျုပ်ကို ကျေးဇူးမတင်တော့ဘူးလား။
ဘုရင်ကြီးက ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ထဲမှာ ဆို့တက်သွားသည်။ သူက နေရာမှာတင် တောင့်တင်းနေပြီး ထိုးညွှန်ထားသော သူ့လက်များက တုန်တုန်ယင်ယင်ဖြစ်နေပြီး ပြန်လည်၍ စကားမပြောနိုင်သည်အထိပင်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)