၂၁၇။ “အဆင့်ချိုးဖျက်တက်ရောက်ခြင်း - ၅”
ဂျန်ဝုရှီက အမှောင်ထုထဲတွင် ခြေချိတ်ထိုင်လိုက်သည်။ သူမက မိုးပျံနဂါးနှင့် စစ်ထိုးဖို့ ရည်ရွယ်ချက် ရှိမနေချေ။
မိုးပျံနဂါးက သေးငယ်သည့် လူသားဝိညာဉ်က ခံ့ညားထည်ဝါသော တည်ရှိခြင်းဖြစ်သော သူ့ရှေ့မှောက်တွင် တည်ငြိမ်စွာ ထိုင်နေတာကို တွေ့မြင်ရလျှင် အမျက်ခြောင်းခြောင်း ထွက်သွားသည်။ သူမက ကြောက်လန့်ပြီး အမြှီးကုပ်နေသင့်ပါလျက် မည်သည့် သက်ရောက်မှုကိုမျှ သူ မတွေ့မြင်ရချေ။
“နင်..... နင့်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်မှာကို မကြောက်ဘူးလား” မိုးပျံနဂါးက ဟိန်းဟောက်လျက် ပြောသည်။
ဂျန်ဝုရှီက မျက်လုံးဖွင့်လိုက်သည်။ လုံးဝ တည်ငြိမ်နေ၏။
“နင်က ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတာ, ငါ့ကို ဘယ်လို အစိတ်စိတ်အမွှာမွှာ လုပ်နိုင်မှာလဲ။”
မိုးပျံနဂါးက အကျပ်ရိုက်သွားသည်။ ဒီကောင်မလေးတော့, သူမ နည်းနည်းတော့ ပျာယာခတ်သင့်သည် မဟုတ်လော။
မိုးပျံနဂါးက သူရောက်ရှိနေသည့် နေရာကို သတိမပြုမိခဲ့ပေ။ သို့သော် ဂျန်ဝုရှီက ပြောလိုက်မှ လေထုက အရင်နှင့် မတူဘဲ ကွဲပြားသွားတာကို သူ သတိပြုမိတော့သည်။ ဒါက နိမ့်ကျတဲ့ သုံးလောကဆိုတာ သိသာသည် မဟုတ်လော။
နိမ့်ကျသည့် သုံးလောကတွင်, မည်သည့် စာချုပ်ဝိညာဉ်မျှ အဆင့် ၇ထက် မကျော်လွန်ကြပေ။ သူ့လို အင်အားကြီးသည့် စာချုပ်ဝိညာဉ် ပေါ်ပေါက်ဖို့ဆိုတာ ပြောစရာပင် မလိုတော့ချေ။ သည်လူသားဝိညာဉ်က စိုးမိုးခြယ်လှယ်နိုင်လွန်းသည့် တည်ရှိမှုကို မြင်ရလျှင် ကြောက်လန့်တကြားဖြစ်ပြီး အသိစိတ် ဆုံးရှုံးသွားသင့်သည် မဟုတ်လော။
ထို့ပြင် သူတို့က အခု သူမခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေတာကို ဘယ်လိုလုပ် သူမ သိနိုင်ရသနည်း။