၄၄၅။ လိပ်ပြာသားရဲ အမဲလိုက်ပွဲ - ၁
နင်ရှင်းနှင့် ယင်ယန်က ရထားလုံးတစ်ခုတည်းမှာ လိုက်ပါလာကြသည်။ ရထားလုံးက တလိမ့်လိမ့်ဖြင့် မောင်းထွက်လျှင် နင်ရှင်းက ပြူတင်းပေါက်မှ တဆင့် အပြင်ဘက် သဘာဝရှူခင်းကို ကြည့်ရှူရင်း ပြောသည် ဂျန်ရှီ ပါတယ်ဆိုတာ နင် သေချာလား။
ယင်ယန် ပြန်ပြောသည် သေချာပါတယ်၊ ငါ့လူတွေ ဖန်ဂျင်ကို အနီးကပ် စောင့်ကြည့်နေကြတာ၊ ဂျန်ရှီ အရောက်နောက်ကျပေမဲ့ သူ နောက်ဆုံး ရထားလုံးမှာ ဖန်ဂျင်နဲ့ အတူတူ စီးလာတယ်။
အိုး နင်ရှင်း လှည့်ကြည့်သည်။ လှပသော သူမပုံရိပ်က စိတ်ဝင်စားဟန် ရောစွက်နေ၏။ သူ တကယ်ပဲ ပေါ်လာတာကိုး၊ နင် သူ ထွက်လာအောင် ကောင်းကောင်း လှုံ့ဆော်နိုင်တာပဲ၊ ကောင်းတယ်။
ယင်ယန် ပြုံးနေသည်။ သို့သော် သူ့စိတ်ထဲမှာ ဒေါသပြင်းထန်နေသည်။
ထိုနေ့ ဂျန်ရှီထံမှ ပြန်ရောက်လာသော ထိုကျောင်းသားများ၏ ပြန်ပြောချက်အရ ဂျန်ရှီပြောလိုက်သော စကားများကို သူ မမေ့နိုင်ပေ။
ဂျန်ရှီက သူ့ကို ခွေးဟု သုံးနှုံးခဲ့သည်။
သူက သူ့အင်္ကျီလက်အိတ်ထဲတွင် လက်သီးများကို တင်းတင်း ဆုပ်ထားသည်။ ယင်ယန်၏ မျက်လုံးများက ရက်စက်လိုသော အရိပ်အယောင်များ ယှက်သန်းသွားသည်။
(ဂျန်ရှီ... မင်းကို ရက်နည်းနည်းလောက် မာနထောင်ပြီး အသက်ရှင်ခွင့် ပေးထားလိုက်အုံးမယ်၊ လိပ်ပြာသားရဲ တောအုပ်ကျမှ တွေ့ကြတာပေါ့၊ အဲချိန်ကျရင် မင်း တောအုပ်ထဲကနေ အသက်ရှင်လျက် ပြန်မထွက်စေရဘူး။)
ဂျန်ရှီက အဟန့်အတား တစ်ခု ဖြစ်နေပေမဲ့, ဖန်ဂျင်ရဲ့ စွမ်းရည်ကလည်း နည်းနည်းလေးမှ အထင်သေးလို့ မရဘူး၊ သူတို့ကို အရင်ဆုံး တချို့လူတွေနဲ့ စမ်းသပ်ထားခိုင်းလိုက်။ နင်ရှင်းက သတိပေးသည်။
ခဏလောက် စကားရပ်ပြီးနောက် သူမ ဆက်ပြောသည် လီဇီမုဆိုတဲ့ အမှိုက်ကောင်လည်း ပါလာတယ်မို့လား၊ သူက အရင်တုန်းကဆို အတော် မောက်မာတာပဲ၊ သူတို့ကို အရင်ဆုံး ထိတွေ့ခိုင်းလိုက်ပေါ့၊ သူက အမှိုက်ဆိုပေမဲ့ သူ့လက်စွပ်ဝိညာဉ်က အတော် အဆင့်မြင့်တယ်၊ အဆင့်ငါးတောင်၊ ဟင်း.... ဒါက သူ့လို အမှိုက်ကောင်အတွက် သက်သက် ဖြုန်းတီးပစ်ရာ ရောက်တာပဲ။