၅၉၁။ လူအုပ်ကြီးအား ရိုက်နှက်ခြင်း - ၉
သူမ အစကတည်းက မှားယွင်းလာခဲ့ကြောင်း နင်ရှင်း ရုတ်တရက် သဘောပေါက်သွားသည်။
ဂျန်ရှီ၏ စွမ်းရည်ကို သူမ အထင်သေးခဲ့မိသည်။ ဂျန်ရှီ၏ တကယ့် အရည်အချင်းကို သူမ မှားယွင်းတွက်ချက်မိခဲ့သည်။ သူမ၏ ပရိယာယ်များကို မှားယွင်းသော သတင်းအချက်အလက်ကို အခြေခံ၍ သူမ စီမံမိခဲ့သည်။ အခု အရာရာက ပေါ်ပေါက်သွားလေပြီ။ သူမ ဆင်ထားသော စီမံချက်မှန်သမျှက အကောင်းအကန်း တစ်စိုးတစ်စိမျှ မရှိတော့ချေ။
အမကြီးနင်... ယင်ယန်က နင်ရှင်းကို ကြည့်လျက် ဆိုးဆိုးရွားရွား ကြောက်ရွံ့ထိတ်လန့်နေမိသည်။ ဂျန်ရှီ၏ အစစ်အမှန် မူလဇာစ်မြစ် မပေါ်ပေါက်ခင်မှာ ဂူလီရှန်၏ ရွေးချယ်သုံးနှုံးသွားသော စကားများကြောင့် သူ့သံသယက မြင့်တက်လာခဲ့သည်။ သို့သော် ဘာမှားနေမှန်း အတိအကျ မဖော်ထုတ်နိုင်ခဲ့ပေ။
သူ သဘောပေါက်လာတော့ အရာရာက ဖော်ထုတ်ပြီးသား ဖြစ်သွားလေပြီ။ သူသည်လည်း လီဇီမု၏ တစ်ဖက်သတ် လုပ်ကြံဇာတ်လမ်းဖြင့် အလိမ်အညာ မိသွားခဲ့ရသည်။
ဒါ မဖြစ်နိုင်ဘူး... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ... နင်ရှင်း ရုတ်တရက် ကြောက်စိတ်မွှန်သွားသဖြင့် ယိမ်းယိုင်သွားသည်။ ယင်ယန်က အချိန်မီ ကိုင်ထားလိုက်ရသည်။
အမကြီးနင်... ငါတို့ အခု ဘာလုပ်ကြမလဲ ယင်ယန်က အစစ်အမှန် ကြောက်လန့်ခဲ့သည်။ အရင်ကတည်းက ဂျန်ရှီအား သူ့ကြောက်လန့်ခြင်းက ကြီးထွားလာခဲ့သည်။ အခု လေညင်းကျောင်းတော်သားအားလုံး၏ ရှေ့တွင် ဂူလီရှန်က ဝိညာဉ်ကုစားဌာနရှိ တပည့်များအားလုံးကို အရည်အချင်းညံ့ဖျင်းကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့သည်။ လူတိုင်း လောလာဟလများကို လွယ်လွယ်ကူကူ ယုံကြည်ကြသဖြင့် ဂူလီရှန်က သတိပေးဆုံးမခဲ့သည်။ ထိုယုံကြည်ခဲ့သူများတွင် ဝိညာဉ်ကုစားဌာနမှ တပည့်များလည်း ပါဝင်ခဲ့ကြသည်သာ။
တကယ်တော့ ဝိညာဉ်ကုစားဌာနမှ တပည့်များအားလုံး ဂျန်ရှီအား ဆဲရေးခဲ့, ကျိန်ဆဲခဲ့သဖြင့် အပြစ်ရှိထားကြသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)