၅၅၄။ မိုးကောင်းကင်အဆုံး ချောက်နက်-၁

563 55 0
                                    

၅၅၄။ မိုးကောင်းကင်အဆုံး ချောက်နက်-၁

ဂလု... ဂလု

မုကွိုင်ဖန်က လူငယ်များ၏ အတင်းအကျပ် ဆေးတိုက်တာ ခံလိုက်ရသည်။

သူ့လည်ချောင်းထဲ ‌ဆေးလုံးကို ရေနွေးဖြင့် မျှောချပြီးနောက်မှသာ ကျောက်ချူတို့က မုကွိုင်ဖန်ကို လွှတ်ပေးသည်။

မုကွိုင်ဖန်က သူ့လည်ချောင်းထဲ အတင်းအကျပ် ရေနွေးလောင်းထည့် ခံလိုက်ရသဖြင့် သေမတတ် သီးသွားရသည်။ ကြမ်းတမ်းသော လူငယ်အုပ်စုကို သူ မျက်လုံးပြူး၍ ကြည့်မိသည်။ ထို့နောက် သူက ကန့်ကွက်စကားဆိုရန် ဟန်ပြင်ချိန်မှာ သူ့ခန္ဓာကိုယ်‌ တောက်လျောက် ရုတ်တရက် အေးသက်သက် ခံစားလိုက်ရသည်။ ပူလောင်နာကျင်နေမှုကို စားသုံးပစ်ပြီး မပြတ် နာကျင်နေမှုက တဖြည်းဖြည်း သက်သာလာပြီး အေးသက်သက် ခံစားချက်က သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားလေ၏။ မချိမဆံ့ နာကျင်နေမှုကို သူ့ခန္ဓာကိုယ်မှ မောင်းထုတ်သွားသည်။

ဒီဆေးက...

သက်သာရုံပဲ ရှိလိမ့်မယ် ဂျန်ဝုရှီက တုံးတိတိ ပြောသည်။ မုကွိုင်ဖန် မိနေသော အဆိပ်အမျိုးအစားကို သူမ သေချာ မသိသေးပေ။ သူမ စမ်းသပ် စစ်ဆေးရအုံးမည်။ ထို့နောက် သေချာတော့မှ အဆိပ်ဖြေဆေးကို သူမ ထုတ်လုပ်နိုင်လိမ့်မည်။

မုကွိုင်ဖန် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားသည်။ ဘာ့ကြောင့် ဂျန်ဝုရှီက သူ့အသားစကို လိုချင်နေမှန်း နောက်ဆုံး သူ သဘောပေါက်သွားသည်။ သူ့ရှေ့မှ လူငယ်က သူ့အဆိပ်ကို ကုစားရန် ရည်ရွယ်နေခြင်း ဖြစ်ပေသည်။

မုကွိုင်ဖန် ရုတ်တရက် ထရပ်၍ ဂျန်ဝုရှီအား လေးလေးနက်နက် ဦးညွတ်လိုက်သည်။

သင့်ရဲ့ စေတနာကို ကျုပ် နက်နက်ရှိုင်းရှိုင်း မှတ်သားထားပါ့မယ်၊ ကျုပ်ရဲ့ အဖိုးမတန်တဲ့ အသက် ကျန်ရှိနေသေးသမျှ သခင်လေးရဲ့ အမိန့်ကို တသဝေမတိမ်း နာခံပါ့မယ်။

ဂျန်ဝုရှီက ပြန်မပြောပေ။ သို့သော် မုကွိုင်ဖန်ကို ခဏလောက် ကြည့်လိုက်သည်။

မုကွိုင်ဖန်က နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်သွားသည်။ သို့သော် ဂျန်ဝုရှီတို့က ထထွက်သွားကြလေပြီ။ သူတို့မှာ လုပ်စရာ ကိစ္စများ ရှိသေးသည်။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt