၆၀၅။ ၇ခုမြောက် ရိုက်ချက်-၁၂

561 56 0
                                    

၆၀၅။ ၇ခုမြောက် ရိုက်ချက်-၁၂

ရူလင်းစစ်သားနှစ်ယောက်က သနားညှာတာခြင်း မရှိသော်လည်း, သူတို့ လုပ်ဆောင်ချက်ကို သူတို့ တိတိကျကျ သိကြသည်။ သူတို့၏ သစ်သားပြားရိုက်ချက်က သူမ၏ အသားအရည်များကို စုတ်ပြဲသွားစေသော်လည်း သူမကို သေစေသည့်အထိတော့ မရောက်ရှိပေ။ သစ်သားပြားရိုက်ချက် တစ်ရာနှင့် ကျာပွတ်ရိုက်ချက် သုံးဆယ်ကို အပြည့်အဝ အပြစ်ပေးရမည် ဖြစ်သည်။ တစ်ချက်တစ်လေကိုပင် လျော့သွားစေလို့ မဖြစ်ပေ။

နက်ရူက ဒေါသတကြီး ဖြစ်နေသည်။ သူမြင်ရသည့် မြင်ကွင်းကြောင့် သူ တုန်တုန်ယင်ယင် ဖြစ်နေသည်။ နင်ရှင်းအား ရိုက်ချက်တိုင်းကို သူ သေသေချာချာ စူးစိုက်ကြည့်နေခဲ့သည်။ သူမ၏ အောက်ပိုင်း ခန္ဓာကိုယ်က သွေးများဖြင့် ပေပွနေလေပြီ။ သူ၏ ချောမောလှပသော သမီးလေးက မြေပြင်ပေါ်တွင် လဲလျောင်းနေရတာကို သူ မယုံကြည်နိုင် ဖြစ်နေရသည်။

သူ ရှေ့တက်သွားချင်သည်။ သို့သော် တိုးလျှိုးတောင်းပန်ဖို့ သူ တွန့်ဆုတ်နေသည်။ မညှာမတာ ရိုက်ချက်များအောက်မှ နင်ရှင်းကို သူ ကြည့်ရုံသာ ကြည့်နေလိုက်တော့သည်။

သစ်သားပြားရိုက်ချက် တစ်ရာကို တောင့်တင်းသန်မာသော စစ်သားများက အပြစ်ပေးပြီးသွားလေပြီ။ သာမန်ယောက်ျားတစ်ယောက်သည်ပင် ၎င်းရိုက်ချက်ကြောင့် အသက်ရှင်သန်ဖို့ မဖြစ်နိုင်သလောက်ပင်။ သို့သော် နင်ရှင်းက ၎င်းရိုက်ချက်တစ်ရာကို ခံနိုင်ခဲ့သည်။ ၎င်းရိုက်ချက်တစ်ရာ ပြီးသည့်နောက်, အလွန်အမင်း နာကျင်မှုကို သေမတတ် ခံစားလိုက်ရသည်။ သူမအား တွန့်ကြေသွားစေခဲ့သည်။ သို့သော် သူမက အသိမလွတ်အောင် မျှင်မျှင်လေး ထိန်းထားနိုင်ခဲ့သည်။

၎င်းအသိမလွတ်အောင် မျှင်မျှင်လေး ထိန်းထားနိုင်ခြင်းကပင် သေသည်ထက် ဆိုးရွားပြင်းထန်သော နာကျင်ခံစားမှုကို သူမအထံ ယူဆောင်လာလေ၏။

အလွန်အမင်း ပြင်းထန်သော နာကျင်မှုက သူမအား တွန့်ကြေသွားစေပြီး သူမ၏ အရိုးများကို တစ်စစီ ကျိုးကြေသွားစေသလို သူမ ခံစားနေရသည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ