၂၇၈။ "အယောင်ဆောင်ခြင်း - ၄"

950 74 0
                                    

၂၇၈။ “အယောင်ဆောင်ခြင်း - ၄”

ဒါ အမှန် ဖြစ်ရမည်၊ တိမ်ဖုံးတောင်ထွတ်က သူတို့ကို အကြောင်းပြချက်မရှိဘဲ ညှဉ်းပန်းနှိပ်စက်မည် မဟုတ်ပေ။ ဒါက သူတို့အတွက် စမ်းသပ်ခြင်းသာ ဖြစ်ရမည်။ သူတို့က အနည်းငယ် ‌တောင့်ခံနိုင်လျှင်, သူတို့က မကြာခင် တိမ်ဖုံးတောင်ထွတ် တပည့်အစစ်များ ဖြစ်လာနိုင်ကြမည်။

သူတို့ နေမကောင်းဖြစ်လာလျှင် အကြီးအကဲက ကုသပေးလိမ့်မည်ဟူ၍ သူတို့ဘာသာ ပြောဆိုကြပြီးနောက်, သူတို့၏ အစောပိုင်း  ပင်ပန်းညဉ်းညူခြင်းများက လေထုထဲ ပျောက်လွင့်သွားကြသည်။ တချို့က သူတို့ခန္ဓာကိုယ်များ ပင်ပန်းနွမ်းနယ်မှုကို တောင့်မခံနိုင်ဘဲ လဲကျသွားမှာကိုပင် မျှော်လင့်တောင့်တနေကြသည်။ သူတို့က အကြီးအကဲ ခဲ၏ ကုသပေးခြင်းကို လိုလားနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ ခန္ဓာကိုယ်များကို အကန့်အသတ်လွန်အောင် တွန်းအားပေးလာကြသည်။

နုံအကြသည့် လူငယ်များသည့် ကြံဖန် တွေးတော ပျော်ရွှင်ကြပြီးလျှင်, အားအင်အသစ် ရရှိလာကြပြီး သူတို့၏ ဖွတ်ဖွတ်ကြေနေသည့် ခန္ဓာကိုယ်များက ရုတ်တရက် လှုပ်ရှားနိုင်သွားကြသည်။ သူတို့ အောင်မြင်ရမည်လို့ ဆုံးဖြတ်ချက်ချ၍ လူငယ်များက လှုပ်ရှားလာကြသည်။

“နုံ့အတဲ့ အမှိုက်ကောင်တွေ။” အိပ်ခန်းဆောင်များ၏ အဝင်ဝတွင် ရပ်နေသည့် တိမ်ဖုံးတောင်ထွတ် တပည့်က သူ့ကိုယ်သူ တီးတိုးပြောသည်။ သူက ကျိန်းသေ သေမင်းကို စောင့်ဆိုင်းနေကြသည့် နုံအသည့် လူငယ်များကို စူးစိုက်ကြည့်နေသည်။ သူတို့၏ ကံကောင်းခြင်းက မှန်းဆထားသည်နှင့် မတူ အဆုံးသတ်သွားကြမည် ဖြစ်သည်။ သို့သော် သူတို့က မသိဘဲ ပိုမို၍ နှိပ်စက်ညှဉ်းဆဲခံဖို့ မလှမ်းချင့် လှမ်းချင့်ဖြင့် ထွက်သွားကြသည်။

“ငါတို့ အခုပဲ ဒီနှစ်ကောင်ကို အကြီးအကဲဆီ ပို့ပေးလိုက်ရမလား” တိမ်ဖုံးတောင်ထွတ် တပည့်အချို့က လျှောက်လှမ်းလာကြပြီး မြေပြင်ပေါ်တွင် လှုပ်ရှားခြင်းမရှိတော့သည့် သူတို့ နှစ်ယောက်ကို ခြေဖြင့် ကန်ကျောက်လိုက်ကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now